DVB Logo
Home
မြန်မာသတင်း
လေးကေ့ကော်တိုက်ပွဲ ၄ ရက်မြောက်ဆက်ဖြစ်၊  စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကြဲ
DVB
·
September 25, 2025
လေးကေ့ကော်တိုက်ပွဲ ၄ ရက်မြောက်ဆက်ဖြစ်၊  စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကြဲ
1 / 8
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့တောက်ဘက် လေးကေ့ကော်မြို့သစ်အနီးဖြစ်ပွားနေတဲ့ ၄ ရက်မြောက် တိုက်ပွဲမှာ စစ်ကောင်စီတပ်က  YAK 130 လေယာဉ် ၂ စင်းကိုအသုံးပြုပြီး စက်တင်ဘာ ၂၅ ရက် ညနေ ၄ နာရီ လောက်မှာ  ပေါင် ၅၀၀  ဗုံး ၃ လုံးနဲ့ လာရောက်ကြဲချသွားတယ်လို့  မြေပြင်စစ်ရေး သတင်းရင်းမြစ် ကနေ သိရပါတယ်။

နေပြည်တော်ဘက်ကနေတက်လာတဲ့ တိုက်လေယာဉ်တွေဟာ တိုက်ပွဲဖြစ်နေတဲ့ လေးကေ့ကော်နဲ့ ထီးမဲ့ဝါးခီးရွာထဲကို ဗုံးကြဲချခဲ့ပေမဲ့ ဒေသခံ ပြည်သူတွေထိခိုက်မှုမရှိကြောင်းနဲ့ မြန်မာ-ထိုင်းနယ်စပ် ထိုင်းဘက်ကိုလည်း ထိခိုက်ဖျက်စီးမှု မရှိခဲ့ပါဘူး။

စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)  ပူးပေါင်းတပ်တို့ရဲ့  တိုက်ပွဲတွေမှာ နှစ်ဘက်စလုံ ဒရုန်းတွေအသုံးပြု တိုက်ခိုက်နေကြတာဖြစ်ပြီး စစ်ကောင်စီဘက်က ရှေ့မတိုးနိုင်သလို  KNLA ပူးပေါင်းတပ်ဘက်ကလည်း  နောက်မဆုတ်တန်း ခုခံနေတယ်လို့  KNLA  စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နယ်စပ်မှာ တိုက်ပွဲပြင်းထန်မှုကြောင့် ထိုင်းစစ်တပ်က နယ်စပ်သောင်ရင်းမြစ်နားမှာ လုံခြုံရေးတင်းကျပ်စောင့်ကြည့်နေပါတယ်။

နယ်စပ်တိုက်ပွဲကြောင့် ထိုင်းနိုင်ငံ တာခ်ရိုင်၊ မဲဆောက်မြို့မှာ နေထိုင်တဲ့ ထိုင်းလူမျိုးတွေအပြင် မြန်မာ ရွှေ့ပြောင်းလုပ်သားတွေလည်း လက်နက်ကြီးအသံတွေ ကျယ်လောင်စွာ ကြားနေရတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် မြဝတီမြို့တောင်ဘက်က သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင်နေကြရတယ်လို့ လေးကေ့ကော်မြို့သစ် တာဝန်ရှိသူက ပြောပါတယ်။

အိမ်မပြန်ရဲတဲ့ စစ်ရှောင်ရွာ ၁၅ ရွာရှိပြီး ရွာသား ၃၀,၀၀၀ လောက်ရှိတယ်လို့  KNLA တာဝန်ရှိသူက ပြောပေမဲ့ လက်ရှိ ယာယီစစ်ရှောင်သူ ၁၅,၀၀၀  လောက်သာရှိနေပြီး လွတ်မြောက်ရာ ယာယီစစ်ရှောင် စခန်းတွေမှာ ယာယီခိုလှုံနေကြပါတယ်။  

စက်တင်ဘာ  ၂၄ ရက်တိုက်ပွဲမှာတော့  မွန်းတည့် ၁၂ နာရီလောက်က   နှစ်ဘက်တိုက်ပွဲကနေ ပစ်ခတ်တဲ့ လက်နက်ကြီးတလုံး ထိုင်းနိုင်ငံဘက်ကို ကျရောက်ပေါက်ကွဲခဲ့လို့ ထိုင်းစစ်တပ်နဲ့  ဌာနဆိုင် တာဝန်ရှိသူတွေ စစ်ဆေးဆဲ  ဖြစ်ပြီး ထိခိုက်ဆုံးရှုံးမှု မရှိဘူးလို့ သိရပါတယ်။

မြဝတီမြို့တောင်ဘက်ရှိ  ဆုံးရှုံးသွားတဲ့ တပ်စခန်းတွေ ပြန်လည်ရရှိရေး စစ်ကောင်စီတပ်က စစ်ကြောင်း ၄ ခု နဲ့ထိုးစစ်ဆင်နေတာကြောင့် လေးကော့ကော်မြို့သစ်အနီးတဝိုက် စက်တင်ဘာ ၂၂ ရက်ကစလို့ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ 

ကရင်ပြည်နယ် ​ကော့ကရိတ်၊ ကျုံဒိုးနဲ့ မြဝတီမြို့​တောင်ဘက်တိုက်ပွဲအပြင်  တပ်မဟာ ၇ စခန်းသိမ်း တိုက်ပွဲတွေမှာ တပ်သားသစ်​တွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရာနဲ့ချီ ​သေဆုံးသလို ဖမ်းဆီးခံ ထားရတာတွေလည်းရှိတယ်လို့  မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပေမဲ့ သီးခြားတော့ အတည်မပြုနိုင်ပါဘူး။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013