DVB Logo
Home
မြန်မာသတင်း
တပြည်လုံးအပစ်ရပ်လက်မှတ်ထိုးရေး အာစီအက်စ်အက်စ်နှင့် အမ်ပီစီ တွေ့ဆုံ
DVB
·
December 3, 2014
တပြည်လုံးအပစ်ရပ်လက်မှတ်ထိုးရေး အာစီအက်စ်အက်စ်နှင့် အမ်ပီစီ တွေ့ဆုံ
1 / 2
Donate to DVB

[caption id="attachment_72602" align="alignright" width="403"]အာစီအက်စ်အက်စ်နှင့် အမ်ပီစီ တွေ့ဆုံစဉ် အာစီအက်စ်အက်စ်နှင့် အမ်ပီစီ တွေ့ဆုံစဉ်[/caption]

တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ်လက်မှတ်ရေးထိုးနိုင်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ရေးအတွက် မြန်မာငြိမ်းချမ်းရေးစင်တာက ကိုယ်စားလှယ်တွေနဲ့ အာစီအက်စ်အက်စ် (ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ) ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့တို့   ထိုင်းနိုင်ငံ ချင်းမိုင်မှာ ဒီဇင်ဘာလ ၂ ရက် ညနေပိုင်းက တွေ့ဆုံခဲ့ပါတယ်။

အဓီက အန်စီစီတီ (တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေးအဖွဲ့) နဲ့  အန်စီအေ (national Cease Fire Accord) တပြည်လုံး အပစ်ရပ် သဘောတူညီချက်စာချုပ်ကိစ္စ၊ လက်ရှိနိုင်ငံရေး အခြေအနေတွေအကြောင်းကို မြန်မာငြိမ်းချမ်းရေးစင်တာ ဘက်က လာရောက်ရှင်းပြခဲ့တယ်လို့  ရှမ်းပြည်တပ်မတော်တောင်ပိုင်း ရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလက ဒီဗွီဘီကို ပြောပါတယ်။

“လက်ရှိ နိုင်ငံရေးအခြေအနေကို ရှင်းပြပါတယ်။ အန်စီစီတီနဲ့ အန်စီအေ ရှေ့ဆက်သွားနိုင်ရေး နည်းလမ်းရှာနေတဲ့အကြောင်းတွေ၊ ကေအန်ယူနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့  နေပြည်တော်မှာ တွေ့ဆုံပြီးတဲ့ နောက်ပိုင်းအခြေအနေတွေ ရှင်းပြပါတယ်။ အဓိကကတော့ တပြည်လုံး အပစ်ခတ်ရပ်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲဖော်ဆောင်ဖို့ အဲမ်ပီစီက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တဲ့ ရလဒ်တွေ လာပြီးရှင်းပြတာ ဖြစ်ပါတယ်။”

သူတို့ဘက်ကလည်း အန်စီစီတီ နဲ့ ယူပီဒဗလျူစီတို့ ဆွေးနွေးပွဲ နှောင့်နှေးနေရတဲ့ထဲမှာ လိုင်ဇာ ဗိုလ်သင်တန်းကျောင်း အပစ်ခံရတဲ့ကိစ္စလည်းပါဝင်ပြီး အဲဒီကိစ္စ ဖြေရှင်းဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

အန်စီစီတီနဲ့ ယူပီဒဗလျူစီ (ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ) တို့ ရဲ့ တွေ့ဆုံဆွေးနွေးပွဲကို ဒီလ တတိယပတ်လောက်မှာ ပြုလုပ်နိုင်မယ်လို့ အမ်ပီစီက မျှော်မှန်းထားပြီး အာစီအက်စ်အက်စ်အဖွဲ့ကိုပါ ဖိတ်ကြားမယ်လို့ ပြောခဲ့ကြောင်း ဗိုလ်မှူးကြီး စိုင်းလက ပြောပါ တယ်။

ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်အဖွဲ့ထဲမှာ ပါဝင်ခြင်းမရှိတဲ့အတွက် တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စာချုပ်ရေးထိုးတဲ့အခါမှာ သီးသန့် အနေနဲ့ ရေးထိုးမှာဖြစ်ကြောင်း၊ ဒါပေမယ့်လည်း အပစ်ခတ်ရပ်သဘောတူစာချုပ်ထဲမှာ ပါဝင်မယ့်  အချက်အလက်တွေပေါ် မူတည်ပြီး သူတို့သဘောထားနဲ့ ကိုက်ညီတယ်ဆိုရင်တော့ အားလုံးနဲ့ အတူ လက်မှတ်ရေးထိုးနိုင်မယ်လို့ သူကဆက်ပြောပါတယ်။

အမ်ပီစီက  နိုင်ငံရေးဆွေးနွေးပွဲတွေကို ၂၀၁၅ ခု နှစ်ဆန်းပိုင်းမှာ စတင်နိုင်ဖို့ ချည်းကပ်တဲ့ လမ်းကြောင်းတွေအကြောင်း ရှင်းပြပြီး သူတို့အနေနဲ့ ဘယ်လမ်းကြောင်းမဆို ပါဝင်နိုင်ကြောင်း ပြောဆိုခဲ့တယ်လို့  ဗိုလ်မှူးကြီးစိုင်းလက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013