DVB Logo
Home
နိုင်ငံတကာ
ကုလသမဂ္ဂတွင် “အဖျက်အမှောင့် ၃ ကြိမ် ကြုံခဲ့ရမှု” စုံစမ်းစစ်ဆေးပေးရန် ထရမ့်ပ် တောင်းဆို
DVB
·
September 25, 2025
ကုလသမဂ္ဂတွင် “အဖျက်အမှောင့် ၃ ကြိမ် ကြုံခဲ့ရမှု” စုံစမ်းစစ်ဆေးပေးရန် ထရမ့်ပ် တောင်းဆို
Donate to DVB

စက်တင်ဘာ ၂၄ ရက်က ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ခဲ့ချိန်မှာ ကြုံတွေ့ခဲ့ရတဲ့ “အဖျက်အမှောင့် ၃ ခု” ကို စုံစမ်းစစ်ဆေးပေးဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တောင်းဆိုလိုက်ပါတယ်။

သမ္မတထရမ့်ပ်နဲ့ သမ္မတကတော် မယ်လာနီယာတို့ စီးနင်းလိုက်ပါလာတဲ့ စက်လှေကား ရုတ်တရက် ရပ်သွားတာ၊ သူမိန့်ခွန်းပြောနေချိန်မှာ teleprompter ချို့ယွင်းသွားတာ၊ ပရိသတ်ထိုင်တဲ့နေရာမှာ အသံပိုင်းဆိုင်ရာ ပြဿနာဖြစ်ခဲ့တာ ဆိုတဲ့ အချက် ၃ ချက်ကို စစ်ဆေးပေးဖို့ ထရမ့်ပ်က သူ့ရဲ့ Truth Social လူမှုကွန်ရက်မှာ ရေးသားတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

“မနေ့က ကုလသမဂ္ဂမှာ တကယ်ကျက်သရေမရှိတဲ့ ဖြစ်ရပ်တွေ ဖြစ်ခဲ့တယ်။ တခါမဟုတ်၊ နှစ်ခါမဟုတ်၊ သုံးခါတောင် မကောင်းကြံတာ ခံခဲ့ရတယ်။ ဒါဟာ တိုက်ဆိုင်မှုမဟုတ်ဘူး။ ကုလသမဂ္ဂမှာ ၃ ကြိမ်တိုင်တိုင် အဖျက်အမှောင့် လုပ်ခံရတာပါ။ သူတို့ ကိုယ့်ကိုယ်ကိုယ် ရှက်သင့်တယ်” လို့ ထရမ့်ပ်က ရေးသားခဲ့ပါတယ်။

စက်လှေကားကိစ္စနဲ့ပတ်သက်ပြီး ကုလဝန်ထမ်းတွေ နောက်ပြောင်ခဲ့ကြတယ်ဆိုတဲ့ လန်ဒန်တိုင်းမ်စ် သတင်းကို ကိုးကားပြီး တာဝန်ရှိသူတွေကို ဖမ်းဆီးဖို့လည်း ထရမ့်ပ်က တောင်းဆိုခဲ့ပါတယ်။

“စက်လှေကားမှာရှိတဲ့ လုံခြုံရေးကင်မရာ မှတ်တမ်းတွေအားလုံး၊ အထူးသဖြင့် အရေးပေါ်ရပ်တန့်တဲ့ခလုတ်ကို သေချာသိမ်းဆည်းထားရမယ်။ ဒီကိစ္စမှာ လျှို့ဝှက်ထောက်လှမ်းရေးတွေလည်း ပါဝင်နေပြီ” လို့ ထရမ့်ပ်က မှတ်ချက်ချပါတယ်။

ကုလသမဂ္ဂဘက်ကတော့ ထရမ့်ပ်ရဲ့ ဗီဒီယိုရိုက်ကူးရေးသမားတယောက်က စက်လှေကားပေါ်မှာ နောက်ပြန်လျှောက်တက်ခဲ့တဲ့အတွက် ဘေးကင်းရေးစနစ် အလိုအလျောက်ပွင့်ပြီး ရပ်တန့်သွားတာ ဖြစ်နိုင်ကြောင်း၊ teleprompter ကလည်း အမေရိကန်ကိုယ်စားလှယ်အဖွဲ့ ကိုယ်တိုင် ယူဆောင်လာတဲ့ ပစ္စည်းသာဖြစ်ကြောင်း ဖြေရှင်းခဲ့ပါတယ်။

အသံစနစ်ကိစ္စမှာလည်း မိန့်ခွန်းတွေကို ဘာသာစကား ၆ မျိုးနဲ့ နားထောင်နိုင်ဖို့ နားကြပ်နဲ့သာ အသုံးပြုရမှာဖြစ်ပြီး နားကြပ်မတပ်ရင် ဘာမှကြားရမှာမဟုတ်ဘူးလို့ ကုလအရာရှိတယောက်က ပြောပါတယ်။

ဒီဖြစ်စဉ်တွေဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက်ခ်ဝေါ့ဇ်ကလည်း ပြောကြားခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013