DVB Logo
Home
မြန်မာသတင်း
KNU ဥက္ကဋ္ဌ အပါအဝင် ခေါင်းဆောင်များကို စစ်ကောင်စီက ရွေးကောက်ပွဲ ဥပဒေဖြင့် အမှုဖွင့်
DVB
·
September 24, 2025
KNU ဥက္ကဋ္ဌ အပါအဝင် ခေါင်းဆောင်များကို စစ်ကောင်စီက ရွေးကောက်ပွဲ ဥပဒေဖြင့် အမှုဖွင့်
Donate to DVB

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ရင် အဆိပ်ပင်ရေလောင်းတဲ့တရားခံ ဖြစ်နိုင်တယ်လို့ ပြောဆိုခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း အပါအဝင် ခေါင်းဆောင်များကို စစ်ကောင်စီက ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့်လိုက်ပါတယ်။

ရွေးကောက်ပွဲကိုလက်မခံဘဲ ဆန့်ကျင်ပြီး ပျက်လိုပျက်စီး လုပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ KNU တာဝန်ရှိသူတွေကို လှိုင်းဘွဲမြို့မရဲစခန်းမှာ (ပ)အမှတ် ၁၃ /၂၀၂၅၊ ပုဒ်မ ၂၃ (က)၊ (ပ)၁၄/ ၂၀၂၅၊ ပုဒ်မ ၂၃ (က)၊ ပုဒ်မ ၂၄ (ခ)နဲ့ အမှုဖွင့်ထားတာလို့ စတယ်။

နေပြည်တော် သတင်းရင်းမြစ်တယောက်က “ရွေးကောက်ပွဲကို လက်မခံဘူးလို့ KNU က ပြောပြီးနောက်ပိုင်း အမှုဖွင့်တာ၊ KNU ဥက္ကဋ္ဌကို ပုဒ်မ ၂ ခုနဲ့ အမှုဖွင့်ထားတယ်။ ကျန်တဲ့သူတွေက ပုဒ်မ ၂၃ (က) နဲ့ ဖွင့်တာ။ ဖမ်းလို့မရတော့ အမှုပဲဖွင့်ထားတာ” လို့ ပြောပါတယ်။

သြဂုတ် ၂၆ ရက်မှာ KNU က အာဏာသိမ်းစစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ဥပဒေအရ တရားမဝင်သလို ပြည်သူအားလုံး ပါဝင်နိုင်တဲ့ အခြေအနေမရှိဘဲ လိုသလို အဖြေထုတ်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ကြောင်း အချက် ၇ ချက်နဲ့ ကန့်ကွက်ခဲ့ပြီးနောက် အမှုဖွင့်ခဲ့တာပါ။

အမှုဖွင့်ခံရသူတွေကတော့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ KNU ခေါင်းဆောင်ပိုင်းတွေဖြစ်တဲ့ ပဒိုစောဆဲဂေ၊ ပဒိုတာဒိုမူး၊ ပဒိုစောသောသီဘွဲ၊ ပဒိုစောလှထွန်း၊ စောဂျော်နီ၊ စောတာမလာသော၊ ပဒိုစောလော်အယ်မူး၊ ပဒိုစောအယ်ကလူစေး၊ ပဒိုနော်ဒါးဒါး၊ ပဒိုစောတောနီးနဲ့ စောဆာပုလဲဒီဝမ်း စသူတွေ ပါဝင် ပါတယ်။

စစ်တပ်ကကျင်းပမယ့် ရွေးကောက်ပွဲကို KNU က ကန့်ကွက်ခဲ့ပြီးနောက် သြဂုတ် ၂၈ ရက်မှာ စစ်ကောင်စီက ကရင်အမျိုးသားအစည်းအရုံး (KNU) ကို မတရားအသင်းနဲ့ အကြမ်းဖက်အဖွဲ့ အစည်းအဖြစ်လည်း ကြေညာခဲ့ပါတယ်။

အလားတူ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့ ချင်းပြည်နယ် (Chinland) အစိုးရအဖွဲ့မှ ဦးပါထန်း၊ ဒေါက်တာရွှေခါရ်း၊ ဦးထောင်ဇလျန်း၊ ဦးရိုဘင်အပါအဝင် ၁၇ ယောက်ကိုလည်း ရွေးကာဥပဒေနဲ့ ဟားခါးမြို့မရဲစခန်းမှာ စက်တင်ဘာ ၄ ရက်က အမှုဖွင့်ထားပါတယ်။

ဒါ့အပြင် ရန်ကုန်၊ လွိုင်ကော်နဲ့ တောင်ကြီးက အရပ်သား ၁၀ ယောက်လောက်ကိုလည်း ရွေးကောက်ပွဲ ဥပဒေနဲ့ အမှုဖွင့် အရေးယူထားပါတယ်။

ရွေးကာဥပဒေလို့ခေါ်တဲ့ “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” မှာ အခန်း ၈ ခန်းနဲ့ ပုဒ်မ ၃၂ ခုရှိပြီး ထောင်ဒဏ် ၃ နှစ်ကနေ သေဒဏ်အထိ ချမှတ်နိုင်တဲ့ ပြစ်ဒဏ်တွေ ပါပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013