DVB Logo
Home
နိုင်ငံတကာ
OpenAI အတွက် ဒေါ်လာ ၁၀၀ ဘီလီယံအထိ Nvidia ရင်းနှီးမြှုပ်နှံမည်
DVB
·
September 23, 2025
OpenAI အတွက် ဒေါ်လာ ၁၀၀ ဘီလီယံအထိ Nvidia ရင်းနှီးမြှုပ်နှံမည်
Donate to DVB

အမေရိကန် ချစ်ပ်ထုတ်လုပ်ရေး လုပ်ငန်းကြီး Nvidia ဟာ OpenAI ကုမ္ပဏီမှာ ဒေါ်လာ ဘီလီယံပေါင်း ၁၀၀ အထိ ရင်းနှီးမြှုပ်နှံသွားမယ်လို့ နှစ်ဖက်စလုံးအနေနဲ့  အတည်ပြုပါတယ်။ 

အဲဒီကြေညာချက်အရ OpenAI ရဲ့ အသိ ဉာဏ်ရည်တု လုပ်ငန်းလည်ပတ်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ စွမ်းဆောင်ရည်မြင့် ချစ်ပ်ပြားတွေကို Nvidia ကနေ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ 

Nvidia ကတော့ ChatGPT ဖန်တီးသူ OpenAI နဲ့ ပူးပေါင်းဆောင်ရွက်မှုကို “မဟာဗျူဟာမြောက်” ဖြစ်တယ်ဆိုပြီး ဖော်ပြထားပါတယ်။ 

ဒါ့အပြင် Nvidia ဟာ ပြိုင်ဘဏ် Intel ကုမ္ပဏီမှာ ဒေါ်လာ ၅ ဘီလီယံနဲ့ ဗြိတိန်ရဲ့  AI ကဏ္ဍမှာ ပေါင် ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့ပြီးနောက် OpenAI နဲ့ ကြေညာချက် ထွက်လာခဲ့တာပါ။ 

ကမ္ဘာလုံးဆိုင်ရာ AI နည်းပညာအရ ယှဉ်ပြိုင်မှုတွေမှာ အမေရိကန်ကုမ္ပဏီတွေသာ လွှမ်းမိုးထားနိုင်ပေမဲ့လည်း DeepSeek-R1 ဆိုတဲ့ အသိဉာဏ်ရည်တု မော်ဒယ်အသစ်ကြောင့် တရုတ်နိုင်ငံက အမှီလိုက်လာတာကို ညွှန်းဆိုပြနေပါတယ်။ 

တချိန်တည်းမှာပဲ Nvidia ဟာ အမေရိကန်နဲ့ တရုတ်အစိုးရ နှစ်ရပ်စလုံးရဲ့ ဖိအားပေးမှုကို ရင်ဆိုင်နေရတာဖြစ်ပြီး လက်ဝါးကြီးအုပ်မှု တိုက်ဖျက်ရေး (Anti-Monopoly) ဥပဒေ အပေါ် ချိုးဖောက်ခဲ့တယ်လို့ ပေကျင်းက စွပ်စွဲထားပါတယ်။ 

နောက်ဆက်တွဲအဖြစ် Nvidia ဆီက AI ချစ်ပ်ပြားတွေ မဝယ်ယူဖို့အတွက် တရုတ်နည်းပညာ ကုမ္ပဏီကြီးတွေကို ညွှန်ကြားထားကြောင်း သိရပါတယ်။ 

အဲဒီနောက် စက်တင်ဘာ ၂၂ ရက်နေ့အတွင်း အမေရိကန်ဈေးကွက်ပိတ်ချိန်မှာ Nvidia ရဲ့ ရှယ်ယာဈေးဟာ ၄ ရာခိုင်နှုန်း ထပ်တက်လာတဲ့အလျောက် ကမ္ဘာ့တန်ဖိုးအကြီးဆုံးကုမ္ပဏီအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။ 

AI နည်းပညာကဏ္ဍရဲ့ ရှေ့ဆောင်ကုမ္ပဏီဖြစ်တဲ့ OpenAI ကတော့ အပတ်စဉ်သုံးစွဲသူ သန်း ၇၀၀ ကျော် ရှိပြီဖြစ်တဲ့အပြင် ဒေါ်လာ ၅၀၀ ဘီလီယံလောက် ကုန်ကျမယ့် ဒေတာစင်တာ-တည်ဆောက်ရေး စီမံကိန်းအကြောင်းကိုပါ ကြေညာထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013