DVB Logo
Home
မြန်မာသတင်း
မြို့နယ်ပေါင်း ၁၂၀ ကျော်တွင် တယ်လီနော်ဖုန်းကွန်ရက် တိုးချဲ့မည်
DVB
·
December 2, 2014
မြို့နယ်ပေါင်း ၁၂၀ ကျော်တွင် တယ်လီနော်ဖုန်းကွန်ရက် တိုးချဲ့မည်
Donate to DVB

တယ်လီနော် မြန်မာကုမ္ပဏီဟာ ဒီဇင်ဘာလအတွင်း ပြည်နယ်နဲ့တိုင်း ၈ ခုက မြို့နယ်ပေါင်း ၁၂၀ ကျော် မှာ တယ်လီဖုန်းဆက်သွယ်ရေးဝန်ဆောင်မှုတွေ တိုးချဲ့ဖို့ ကြိုးပမ်းနေတယ်လို့ ကုမ္ပဏီက ပြောပါတယ်။

[caption id="attachment_72549" align="alignright" width="355"]ဓာတ်ပုံ - Telenor ဓာတ်ပုံ - Telenor[/caption]

တယ်လီနော်ဟာ လက်ရှိ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာပဲ ဖုန်းဝန်ဆောင်မှုပေးနေတာ ဖြစ်ပြီး ကရင်၊ မွန်နဲ့ ရှမ်းပြည်နယ်၊ ဧရာဝတီ၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းအတွင်းက မြို့နယ်တွေမှာ မကြာခင်တိုးချဲ့သွားဖို့ မျှော်မှန်းထားတယ်လို့ တယ်လီနော် မြန်မာရဲ့ ပြန်ကြားရေး တာဝန်ခံ ဦးစိုးသူထွန်းက ဒီဗွီဘီကို ပြောပါတယ်။

“ဒီနေရာတွေက ဒီဇင်ဘာအတွင်း ကျနော်တို့ဝန်ဆောင်မှုပေးဖို့ရာထားတဲ့နေရာတွေပါ။ ဒါပေမယ့် စမယ့် ရက်ကတော့ အတိအကျမပြောနိုင်သေးဘူး။ အဓိကက တာဝါတိုင်ပြီးတာ အပေါ်မူတည်တာပေါ့။ တာဝါတိုင်ဆောက်တဲ့ အပေါ်မှာလည်း အခက်အခဲတွေ အများကြီးရှိနေတယ်။ သတ်မှတ်ထားတဲ့ တာဝါတိုင်အရေအတွက် ပြည့်ပြီဆိုတော့မှ ကျနော်တို့ က ၀န်ဆောင်မှုစပေးလို့ရမှာ။”

လတ်တလော ပြည်တွင်း ဈေးကွက်ထဲမှာ တယ်လီနော် ဖုန်း ဆင်းမ်ကတ် ၂ သန်းကျော်ဖြန့်ချိထားပြီး မရောင်းရသေးတဲ့ ဆင်းမ်ကတ်ပေါင်း ၃ သိန်းကျော်ကျန်ရှိနေပါတယ်။ ပြည်နယ်နဲ့တိုင်းတွေမှာ အသစ်ထပ်မံ ဖြန့်ချိရောင်းချဖို့ အတွက်လည်း ဆင်းမ်ကတ် အရေအတွက် ၁၀ သန်းကျော် ကုမ္ပဏီက အဆင်သင့်စီစဉ်ထားတယ်လို့သိရပါတယ်။

နယ်တွေမှာအသုံးပြုဖို့ တယ်လီနော် ဆင်းမ်ကတ်တွေ ကြိုတင်ဝယ်ယူထားသူတွှေအနေနဲ့ လက်ရှိအချိန်မှာ သုံးလို့ရနိုင်မှာ မဟုတ်ပေမယ့် ကွန်ရက်စဖွင့်တာနဲ့ အသုံးပြုလို့ ရနိုင်မယ်လို့ ဆိုပါတယ်။

တယ်လီနော်ဆင်းမ်ကတ်တွေကို မြန်မာ ကျပ်ငွေ ၁၅၀၀ နဲ့ပဲ ဆိုင်ခွဲတွေမှာ အလွယ်တကူဝယ်ယူနိုင်အောင် ရောင်းချပေးနေပြီး ဈေးတင်ရောင်းချတဲ့ ဆိုင်တွေမှာ မ၀ယ်ကြဖို့လည်း တယ်လီနော်ကုမ္ပဏီ က အကြံပြုပါတယ်။

နော်ဝေ အခြေစိုက် တယ်လီနော် မြန်မာကုမ္ပဏီဟာ ပြည်တွင်းမှာ တယ်လီဖုန်း အော်ပရေတာ လုပ်ငန်းလုပ်ကိုင်ခွင့်ရထားတဲ့ နိုင်ငံခြား ကုမ္ပဏီ နှစ်ခုထဲက တစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာလမှာ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တွေမှာ ဖုန်းဝန်ဆောင်မှု စတင်ခဲ့တာပါ။

မကြာသေးခင် သီတင်းပတ်တွေအတွင်းကတော့ ဆက်သွယ်ရေး ဖိုက်ဘာဆက်ကြောင်း ပြတ်တောက်သွားခဲ့မှုကြောင့် ပြည်တွင်းမှာ တယ်လီနော်အပါအ၀င် မိုဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြုမှု အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013