DVB Logo
Home
နိုင်ငံတကာ
တရုတ်ပြည်တွင်း ကိုဗစ်ရောဂါ အခြေအနေမှန် ဖော်ထုတ်ခဲ့သူ ထောင်ဒဏ် ၄ နှစ် ထပ်ချခံရ
DVB
·
September 22, 2025
တရုတ်ပြည်တွင်း ကိုဗစ်ရောဂါ အခြေအနေမှန် ဖော်ထုတ်ခဲ့သူ ထောင်ဒဏ် ၄ နှစ် ထပ်ချခံရ
Donate to DVB

ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့တဲ့ ၀ူဟန်မြို့က အခြေအနေတွေကို မှတ်တမ်းတင်ခဲ့တဲ့ CJ တရုတ်အမျိုးသမီး သတင်းထောက်တယောက်ကို ဒုတိယအကြိမ် ထောင် ၄ နှစ် ချမှတ်လိုက်ပါတယ်။

၂၀၂၀ ဒီဇင်ဘာလတုန်းက “အချင်းများ ပြဿနာဖြစ်အောင် လှုံ့ဆော်မှုနဲ့” အသက် ၄၂ နှစ်အရွယ် ကျန်ဇန်ကို အရင်တခေါက်တုန်းက ပထမဆုံးအကြိမ် ထောင် ၄ နှစ် ချမှတ်ခဲ့ဖူးပြီး အခုတခေါက်မှာလည်း အလားတူစွဲချက်အတိုင်း ထောင်ဒဏ်ထပ် ချမှတ်ခဲ့တာဖြစ်ကြောင်း နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်အဖွဲ့တခုဖြစ်တဲ့ RSF က အတည်ပြုပါတယ်။

၂၀၂၄ မေလမှာ မစ္စကျန်ဟာ ပြန်လွတ်မြောက်လာခဲ့ပြီး ၃ လအကြာမှာပဲ နောက်တကြိမ် ဖမ်းဆီးခံရကာ နောက်ဆုံးမှာတော့ ရှန်ဟိုင်းမြို့က ပူဒုံအကျဉ်းထောင်ကို ပို့ဆောင်ခဲ့တယ်လို့ နယ်စည်းမခြားသတင်းထောက်များ (RSF) အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက လုံး၀ ထုတ်ဖော်ပြောဆိုတာမျိုး မရှိသလို ဥပဒေကြောင်းအရ သတင်းထောက်မှာ ခုခံပိုင်ခွင့်ရှိ မရှိ ဆိုတာကိုလည်း မသိရသေးပါဘူး။

ကျန်ဟာ ကိုဗစ်ဖြစ်ပွားရာ အဓိကဗဟိုချက် ဝူဟန်မြို့က လူပြည့်လျှံနေတဲ့ ဆေးရုံတွေနဲ့ လူသူ ကင်းမဲ့နေတဲ့ လမ်းတွေရဲ့ ဗီဒီယိုမှတ်တမ်းကို သူ မျက်မြင်ကြုံခဲ့ရတဲ့အတိုင်း လနဲ့ချီအောင် တင်ဆက်ခဲ့တဲ့အတွက် အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

“Citizen Journalist (CJ)” ဆိုတာဟာ ပြည်သူတွေထဲက သတင်းသမားကို ဆိုလိုတာဖြစ်ပြီး သူ့တင်ပြချက်က အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်ထက် အလွန်ဆိုးရွားနေတဲ့ လက်တွေ့ အခြေအနေကို ထင်ဟပ်စေခဲ့တဲ့အလျောက် အခုလိုမျိုး ပစ်မှတ်ထား အရေးယူခံရတာပါ။

အဲဒီနောက် ကျန်ရဲ့ ရှေ့နေအဖြစ် ဆောင်ရွက်ပေးခဲ့သူက “သူဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးခဲ့တဲ့အတွက် ဖိနှိပ်ခံနေရတာ ဖြစ်တယ်လို့ ယုံကြည်ကြောင်း” ပြောသွားပါတယ်။

RSF ရဲ့ အာရှ-ပစိဖိတ် စည်းရုံးရေး မန်နေဂျာကတော့ “လူမဆန်တဲ့ အခြေအနေတွေနဲ့ ထောင်ထဲမှာ  ပိတ်လှောင်ထားမယ့်အစား ကမ္ဘာတဝန်း သတင်းသူရဲကောင်းအဖြစ် ဂုဏ်ပြုသင့်ပါတယ်။ သူ့ကို ချက်ချင်းလွှတ်ပေးအောင် နိုင်ငံတကာသံတမန် အသိုက်အဝန်းအနေနဲ့ ပေကျင်းအပေါ်ဖိအားပေးဖို့ အရေးတကြီး လိုအပ်နေပါတယ်” ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံက မီဒီယာလုပ်သား ၁၂၄ ယောက်ထက်မနည်းကို အကျဉ်းချထားတာကြောင့် ကမ္ဘာပေါ်မှာ သတင်းသမားအများဆုံး ထောင်ကျရာနေရာတခု ဖြစ်လာခဲ့ပါတယ်။

၂၀၂၅ ခုနှစ်အတွက် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာလည်း တရုတ်ဟာ နိုင်ငံပေါင်း ၁၈၀ ထဲက အဆင့် ၁၇၈ ကိုသာ ရရှိခဲ့ကြောင်း RSF အဖွဲ့အရ သိရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013