DVB Logo
Home
မြန်မာသတင်း
နော်ဝေဘုရင် ရန်ကုန်တက္ကသိုလ်တွင် ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြား
DVB
·
December 2, 2014
နော်ဝေဘုရင် ရန်ကုန်တက္ကသိုလ်တွင် ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြား
1 / 6
Donate to DVB

မြန်မာနိုင်ငံရဲ့ ဒီမိုက​ရေစီနိုင်ငံ တည်​ဆောက်အ​ကောင်အထည်​ဖော်ရာမှာ သ​ဘောထား ကွဲလွဲမှုတွေ ရှိကောင်းရှိနိုင်ပေမယ့် ဆက်လက်ကူညီသွားမယ်လို့ နော်ဝေဘုရင်ဟာရယ်က ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာလ ၂ ရက် မနက် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမမှာမိန့်ခွန်းပြောကြားရာမှာ နော်ဝေဘုရင်က "ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်မယ့် မျှော်မှန်းချက်ကို အကောင်အထည်ဖော်ရာမှာ တိုင်းပြည်ရဲ့ ပြည်သူပြည်သားတိုင်းရဲ့ ဆုံးဖြတ်ချက်နဲ့ ပါဝင်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့ရဲ့ အတွေ့အကြုံကို အသုံးပြုပြီး ထောက်ပံ့ကူညီနိုင်မယ့် နယ်ပယ်တွေမှာ ထောက်ပံ့ကူညီနိုင်ဖို့ကို ကျနော်တိုရဲ့ တာဝန်တစ်ရပ်အဖြစ်မြင်တယ်လို့ အခိုင်အမာပြောလိုပါတယ်။ ကျနော်တို့တချို့နယ်ပယ်တွေမှာ သဘောထားကွဲလွဲမှု ရှိကောင်းရှိပါလိမ့်မယ် ရိုးသားဖြောင့်မတ်ပြီး စစ်မှန်တဲ့မိတ်ဆွေတဦးအဖြစ် ဆက်လက်ကူညီထောက်ပံ့သွားပါမယ်။"လို့ပြောသွားပါတယ်။

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နော်ဝေနိုင်ငံက ကူညီဆောင်ရွက်ပေးနေသလို ဒီမိုကရေစီ လှုပ်ရှားမှုနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေကို ဆက်လက်အထောက်အကူပြုနေတယ် လို့ လည်းပြောပါသွားတယ်။

"လွန်ခဲ့တဲ့ ၁ နှစ်အထိ ဒီမိုကရက်တစ်မြန်မာ့အသံဟာ အော်စလိုမြို့မှာ အခြေပြုခဲ့ပါတယ်။ ဆိုင်ကလုန်းနာဂစ်ရဲ့ နောက်ဆက်တွဲအကြီးအကျယ်ပျက်စီးမှုတွေအတွက် ကျနော်တို့ လူသားချင်း စာနာထောက်ထားတဲ့ အထောက်အပံ့တွေ ပေးခဲ့ပါတယ်။ ရေရှည်ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုတွေလည်း တည်ဆောက်ခဲ့ကြပါတယ်။ နော်ဝေနိုင်ငံက ကုမ္ပဏီ​တွေလည်း မြန်မာနိုင်ငံမှာလုပ်ငန်း​တွေ စတင်​နေပါပြီ။ ကျ​နော်တို့ နှစ်နိုင်ငံ ပြည်သူ​တွေကြား ဆက်ဆံ​ရေး ကြီးပွားတိုးတက်လာတာကို မြင်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။"

ဒါ့အပြင် မြန်မာနိုင်ငံကျောင်းသူ ကျောင်းသားတွေအတွက် နော်ဝေနိုင်ငံက ထောက်ပံ့ ပညာသင်ဆု ရန်ပုံငွေမတည်ထားပြီး  ဒေးဗစ်ထော ပညာသင်ဆုလို့ နာမည်ပေးထားတယ်လို့ နော်ဝေနိုင်ငံဘုရင်မင်းမြတ် ကကြေညာသွားပါတယ်။

ဒေးဗစ်ထောပညာသင်ဆုကို လျှောက်ထားတဲ့ မြန်မာနိုင်ငံ ပြည်နယ်နဲ့ တိုင်းအသီးသီးက ကျောင်းသူကျောင်းသားတွေဟာ ရွေးချယ်ခံရပါက သမိုင်းဘာသာရပ်နဲ့ လူမှုရေးဘာသာရပ်တွေ ကို ရန်ကုန်တက္ကသိုလ်မှာ တက်ရောက်သင်ကြားရမှာပါ။

နော်ဝေဘုရင်နဲ့ မိဖုရားတို့ဟာ နိုဝင်ဘာလ ၃၀ ရက်မှ ဒီဇင်ဘာလ ၅ ရက်အထိ မြန်မာနိုင်ငံချစ်ကြည်ရေးရောက်ရှိနေတာဖြစ်ပြီး ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း  တွေ့ဆုံခဲ့ပါတယ်။

ဒါ့အပြင် မန္တလေး မြနန်းစံကျော်ရွှေနန်းတော်၊ ကုသိုလ်တော်ဘုရားနဲ့ မန္တလေးတောင်ကို သွား​ရောက်ဖို့အစီအစဉ်ရှိပါတယ်။

[gallery ids="72536,72537,72538,72539,72540,72541"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013