DVB Logo
Home
အားကစား
ပွဲအနည်းဆုံးဖြင့် ချန်ပီယံလိဂ် သွင်းဂိုး ၅၀ ပြည့် စံချိန်သစ်တင်နိုင်ခဲ့သည့် ဟာလန်း
DVB
·
September 19, 2025
ပွဲအနည်းဆုံးဖြင့် ချန်ပီယံလိဂ် သွင်းဂိုး ၅၀ ပြည့် စံချိန်သစ်တင်နိုင်ခဲ့သည့် ဟာလန်း
Donate to DVB

ဒီနေ့မနက်အစောပိုင်းက ကစားခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ အီတလီကလပ် နာပိုလီတို့ရဲ့ ဥရောပချန်ပီယံလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းက ၂ ဂိုး ဂိုးမရှိနဲ့ နိုင်သွားသလို တိုက်စစ်မှူး ဟာလန်းကလည်း ပွဲအနည်းဆုံးကစားပြီး ချန်ပီယံလိဂ်သွင်းဂိုးပေါင်း ၅၀ ပြည့်တဲ့သူအဖြစ် စံချိန်တင်သွားပါတယ်။

ပွဲကစားချိန် ၂၁ မိနစ်မှာ နာပိုလီရဲ့ ညာနောက်ခံလူ လော်ရန်ဇို အထုတ်ခံလိုက်ရပြီး နာပိုလီက တယောက်လျော့နဲ့ ယှဉ်ပြိုင်ခဲ့ရသလို နောက်တန်းကို ဖာထေးဖို့ ဝါရင့်ကွင်းလယ်လူ ဒီဘရိုင်းကို လူစားလဲလိုက်ရတာပါ။

ပွဲချိန် ၅၆ မိနစ်မှာတော့ မန်စီးတီးတိုက်စစ်မှူး ဟာလန်းက အဖွင့်ဂိုးကို သွင်းယူခဲ့ပြီး ဒါဟာ သူ့ရဲ့ ချန်ပီယံလိဂ် ဂိုး ၅၀ ပြည့်တဲ့ဂိုး ဖြစ်ပါတယ်။

အဲဒီနောက် ပွဲကစားချိန် ၆၅ မိနစ်မှာ ဒိုကူက မန်စိးတီးအတွက် ဒုတိယဂိုးကို သွင်းပေးခဲ့ပြီး ပွဲပြီးချိန်မှာ မန်စီးတီးက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

ဒီနေ့ပွဲဟာ ဟာလန်းရဲ့ ကစားသမားဘဝမှာ ချန်ပီယံလိဂ် ၄၉ ပွဲမြောက် ပွဲစဉ်ဖြစ်ပြီး ပွဲအနည်းဆုံးနဲ့ ဂိုး ၅၀ ပြည့်တဲ့ စံချိန်တင်နိုင်ခဲ့တာပါ။

အရင်က မန်ယူတိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းက ၆၂ ပွဲကစားပြီး ဂိုး ၅၀ သွင်းနိုင်ခဲ့တဲ့ စံချိန်ကို ချိုးပြီး  ဟာလန်းက စံချိန်သစ်တရပ် ထူထောင်နိုင်လိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013