DVB Logo
Home
နိုင်ငံတကာ
ချာလီကာ့ခ် လုပ်ကြံခံရမှု မှတ်ချက်ကြောင့် “Jimmy Kimmel Live” ရုပ်သံအစီအစဉ်ရပ်ဆိုင်း
DVB
·
September 18, 2025
ချာလီကာ့ခ် လုပ်ကြံခံရမှု မှတ်ချက်ကြောင့် “Jimmy Kimmel Live” ရုပ်သံအစီအစဉ်ရပ်ဆိုင်း
Donate to DVB

ချာလီကာ့ခ် လုပ်ကြံခံရမှုအပေါ် ပြောဆိုခဲ့တဲ့မှတ်ချက်နဲ့ ပတ်သက်ပြီး ABC ရုပ်သံဌာနက အစီအစဉ်တင်ဆက်သူ ဂျင်မီကင်းမဲလ်ကို ရုပ်သံထုတ်လွှင့်ခွင့် ရပ်နားလိုက်ပါတယ်။

Disney ကုမ္ပဏီပိုင် ABC ကွန်ရက်ရဲ့ ပြောရေးဆိုခွင့်ရှိသူက “ဂျင်မီကင်းမဲလ်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ကို အချိန်အကန့်အသတ်မရှိ ကြိုတင်ရပ်ဆိုင်းလိုက်တာ” ဖြစ်ကြောင်း ကြေညာချက်တခုမှာ အတည်ပြုပါတယ်။

“Jimmy Kimmel Live” အမည်ရ ညနှောင်းပိုင်းအစီအစဉ်ရဲ့ နာမည်ကြီးတင်ဆက်သူကတော့ အဲဒီကိစ္စရပ်ကို မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။

ဒီတပတ်အစောပိုင်း ရှိုးတင်ဆက်မှုအတွင်း ကင်းမဲလ်က “MAGA (မက်ဂါ) ဂိုဏ်း” ဟာ ကာ့ခ် သတ်ဖြတ်ခံရတာကို နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးစားနေတယ်ဆိုပြီး ပြောသွားပါတယ်။

အဲဒီနောက် ကာ့ခ်အတွက် ဂုဏ်ပြုတဲ့အနေနဲ့ အလံတိုင်တဝက် လွှင့်ထူတာမျိုးအပြင် သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ တုံ့ပြန်ချက်ကိုပါ ကင်းမဲလ်က ပြက်လုံးထုတ်ခဲ့တာ ဖြစ်ပါတယ်။

“ဒါဟာ သူငယ်ချင်းလို့ဆိုထားသူ အသတ်ခံရတဲ့အပေါ် လူကြီးတယောက်အနေနဲ့ ဝမ်းနည်းပူဆွေးနေတာမျိုး မဟုတ်ပါဘူး။ ၄ နှစ်အရွယ် ကလေးက ရွှေငါးလေး သေသွားတာကို ကြေကွဲနေတဲ့ပုံစံမျိုး ဖြစ်တယ်” ဆိုပြီး အရွှန်းဖောက်ခဲ့တာပါ။

ABC ဘက်က ကင်းမဲလ်ကို အလုပ်ထုတ်ပယ်တာမျိုး မဟုတ်ပေမဲ့လည်း သူ့အစီအစဉ် ရပ်ဆိုင်းခံရတဲ့သတင်း ထွက်ပေါ်လာချိန်မှာတော့ ဒါဟာ “အမေရိကအတွက် သတင်းကောင်းပဲ” ဆိုပြီး ထရမ့်ပ်အနေနဲ့ တုံ့ပြန်သွားပါတယ်။

ဒါပေမဲ့လည်း ကင်းမဲလ်ဟာ ကာ့ခ်အပစ်ခံရတဲ့ စက်တင်ဘာ ၁၀ ရက်နေ့မှာတင် တိုက်ခိုက်မှုကို ရှုတ်ချတဲ့အကြောင်းနဲ့ လက်ယာစွန်း တက်ကြွလှုပ်ရှားသူရဲ့ မိသားစုအတွက် “မေတ္တာ” ပို့သကြောင်း အင်စတာဂရမ်ပေါ်မှာ ရေးသားခဲ့ပါတယ်။

ဟောလိဝုဒ်သမဂ္ဂတခုဖြစ်တဲ့ အမေရိကစာရေးဆရာများအသင်း (WGA) ကတော့ ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်တာဖြစ်တယ်ဆိုပြီး ဝေဖန်ခဲ့ပါတယ်။

အဲဒီနောက် စတူဒီယိုအပြင်ဘက်မှာ “ထရမ့်ပ် အခုထွက်သွား”၊ “ဂျင်မီက ရယ်စရာတွေ ဆောင်ကြဉ်းပေးနိုင်တယ်၊ ထရမ့်ပ်ကတော့ ဟာသပဲ” ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး လူအနည်းငယ်နဲ့ ဆန္ဒပြခဲ့ကြတာကို တွေ့ရပါတယ်။

အလားတူ ဇူလိုင်လတုန်းကလည်း နောက်ထပ် အစီအစဉ်တင်ဆက်သူ စတီဖင် ကိုဘဲလ်(တ်) (Stephen Colbert) ရဲ့ The Late Show ကို မကြာခင် အဆုံးသတ်တော့မယ်ဆိုပြီး CBS ရုပ်သံလိုင်းမှာ ကြေညာခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013