DVB Logo
Home
နိုင်ငံတကာ
ဆန္ဒပြမှုများကြောင့် အရှေ့တီမော အမတ်များကို ကားအခမဲ့ပေးမည့်အစီအစဉ် ဖျက်သိမ်း
DVB
·
September 18, 2025
ဆန္ဒပြမှုများကြောင့် အရှေ့တီမော အမတ်များကို ကားအခမဲ့ပေးမည့်အစီအစဉ် ဖျက်သိမ်း
Donate to DVB

အရှေ့တီမောနိုင်ငံမှာ လွှတ်တော်အမတ်တွေကို ကားအခမဲ့ ပေးဖို့အစီအစဉ်အပေါ် တက္ကသိုက်ကျောင်းသားတွေဦးဆောင်တဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့တာကြောင့် အစိုးရက ဖျက်သိမ်းလိုက်ပါတယ်။ 

စက်တင်ဘာ ၁၆  ရက်မှာ ဆန္ဒပြသူတွေက တာယာတွေ မီးရှို့ဆန္ဒပြခဲ့ကြသလို အစိုးရကား တစီးကိုလည်း မီးတင်ရှို့ခဲ့ကြပြီး ရဲတွေက မျက်ရည်ယိုဗုံးသုံး တုံ့ပြန်ခဲ့ကြပါတယ်။

နာရီပိုင်းအကြာမှာတော့ အစိုးရက ပြည်သူ့ဖိအားကို လက်ခံခဲ့ပြီး အစီအစဉ်ကို ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။ 

ဒါပေမဲ့လည်း ဆန္ဒပြကန့်ကွက်မှုတွေ ဆက်ရှိနေတယ်လို့သိရပါတယ်။ အစောပိုင်းမှာ ကားကိစ္စပဲ မကျေနပ်ရာကနေ အခုအခါမှာတော့ အနားယူသွားတဲ့ အမတ်တွေကို တသက်တာ ပင်စင်ခံစားခွင့်နဲ့ ကျန်းမာရေး အထောက်အပံ့ ပေးတာကိုပါ ဖယ်ရှားဖို့ တောင်းဆိုလာကြတာဖြစ်ပါတယ်။ 

နီပေါကနေ အင်ဒိုနီးရှားအထိ အာရှတလွှားမှာ အာဏာရှိသူတွေအပေါ် စိတ်ကုန်လာကြတဲ့ လူငယ် တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပါတယ်။ 

၂၀၂၃ တုန်းကနောက်ဆုံးရတဲ့ အချက်အလက်အရ အရှေ့တီမောမှာ လွှတ်တော်အမတ်တွေရဲ့ အခြေခံလစာဟာ တနှစ်ကို ဒေါ်လာ ၃၆,၀၀၀ ရှိပါတယ်။ ဒါဟာ တိုင်းပြည်ရဲ့ တဦးချင်း ပျမ်းမျှ ဝင်ငွေ ထက် ၁၀ ဆကျော်များနေပါတယ်။

လွှတ်တော်အမတ်တွေကို ကားဝယ်ပေးလို့ ဆန္ဒပြတာဟာ အသစ်အဆန်းမဟုတ်ဘဲ ၂၀၀၀ ပြည့်လွန်နှစ်တွေတုန်းကလည်း အလားတူဖြစ်ပွားခဲ့ဖူးတယ်လို့ သိရပါတယ်။ 

လွှတ်တော်အမတ် ၆၅ ယောက်အတွက် Toyata Prado SUV ကားသစ် တယောက် တစီး ဝယ်ပေးဖို့ အစီအစဉ်ကို လွှတ်တော်မှာပဲ ကန့်ကွက်သူမရှိ ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။  

ဒါပေမဲ့ ကားတွေက မှာပြီးလို့ လမ်းတဝက်တောင် ရောက်နေပြီလို့ သတင်းတွေထွက်နေပါတယ်။ 

၂၀၀၂ ခုနှစ်ကမှ  အင်ဒိုနီးရှား လက်အောက်က လွတ်လပ်ရေးယူပြီး ထူထောင်ထားတဲ့ အရှေ့တီမောနိုင်ငံမှာ လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်ဟာ ၃၅ နှစ်အောက်တွေဖြစ်ပါတယ်။

ဒေသတွင်းမှာ ဒီမိုကရေစီရှေ့ဆောင်အဖြစ် ချီးကျူးခံရပေမဲ့ အဆင်းရဲဆုံး နိုင်ငံတွေထဲက တခုဖြစ်ပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013