DVB Logo
Home
နိုင်ငံတကာ
နာဗင်လ်ညီ အဆိပ်ခတ်အသတ်ခံခဲ့ရဟု ဇနီးဖြစ်သူ ယူလီယာ အတည်ပြုပြော
DVB
·
September 18, 2025
နာဗင်လ်ညီ အဆိပ်ခတ်အသတ်ခံခဲ့ရဟု ဇနီးဖြစ်သူ ယူလီယာ အတည်ပြုပြော
Donate to DVB

ကွယ်လွန်သူ ရုရှားအတိုက်အခံခေါင်းဆောင် အလက်ခ်ဇီနာဗင်လ်ညီဆီကနေ ရရှိတဲ့ ဇီဝဆိုင်ရာ နမူနာတွေကို နိုင်ငံခြားဓာတ်ခွဲခန်း ၂ ခုမှာ စစ်ဆေးချက်တွေအရ သူ့ခင်ပွန်းဟာ အဆိပ်ခတ်ခံ ခဲ့ရတယ်ဆိုတာကိုပြနေတယ်လို့  ဇနီးဖြစ်သူ ယူလီယာနာဗာလ်နာယာက စက်တင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။ 

အသက် ၄၇ နှစ်ရှိ နာဗင်လ်ညီဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်က အာတိတ်စက်ဝိုင်းဒေသရှိ ရုရှားအကျဉ်းထောင် တခုမှာ ရုတ်တရက် သေဆုံးခဲ့တာဖြစ်ပြီး လူကြိုက်အများဆုံး ရုရှား အတိုက်အခံတယောက် ကို ဆုံးရှုံးခဲ့ရပါတယ်။ 

ယူလီယာ နာဗာလ်နာယာက“၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ အလက်ခ်ဇီရဲ့ ဇီဝပစ္စည်း နမူနာတွေကို ရယူနိုင်ခဲ့ပြီး ပြည်ပကို လုံလုံခြုံခြုံ ခိုးထုတ်နိုင်ခဲ့ပါတယ်။ အနည်းဆုံး နိုင်ငံ ၂ ခုမှာရှိတဲ့ ဓာတ်ခွဲခန်းတွေမှာ ဒီနမူနာတွေကို တခုနဲ့တခု သီးခြားစီ စစ်ဆေးခဲ့ပြီး မတူညီတဲ့နိုင်ငံ ၂ ခုမှ ဓာတ်ခွဲခန်းတွေကနေ ထုတ်ပေးခဲ့တဲ့ အဖြေက တူညီနေပါတယ်”လို့ ပြောပါတယ်။ 

အလက်ခ်ဇီ က အသတ်ခံခဲ့ရတာပါ။ ပိုပြီးအတိအကျပြောရရင် သူဟာ အဆိပ်ခတ်ခံခဲ့ရတာလို့  ယူလီယာနာဗာလ်နာယာက  ပြောဆိုခဲ့ပါတယ်။ 

“ကျမခင်ပွန်း အလက်ခ်ဇီဟာ ကျမရဲ့သူငယ်ချင်းဆိုလည်း ဟုတ်ပါတယ်။ ကျမတို့နိုင်ငံအတွက် မျှော်လင့်ချက်ရဲ့ သင်္ကေတတခုလည်း ဖြစ်ပါတယ်။ ပူတင်က အဲဒီမျှော်လင့်ချက်ကို သတ်ပစ် လိုက်တာပါ။ သူ ဘယ်လို လုပ်ခဲ့တယ်ဆိုတာ ကျမတို့ သိပိုင်ခွင့်ရှိတယ်။ ဓာတ်ခွဲခန်းတွေကနေ ခွဲခြမ်းစိတ်ဖြာထားတဲ့ သူတို့ရဲ့ ရလဒ်တွေကို ထုတ်ပြန်ပေးဖို့ တောင်းဆိုပါတယ်။” 

သူ့ခင်ပွန်းကို သတ်ခဲ့တယ်လို့ ရုရှားအစိုးရကို ယူလီယာ နာဗာလ်နာယာက  အကြိမ်ကြိမ် စွပ်စွဲခဲ့ပြီး ကရင်မ်လင် ကလည်း ဒါကို အဓိပ္ပာယ်မရှိဘူးလို့ ပယ်ချခဲ့ပါတယ်။

သမ္မတ ဗလာဒီမာပူတင်ကတော့ နာဗင်လ်ညီ မသေဆုံးခင်မှာ အနောက်နိုင်ငံတွေနဲ့ အကျဉ်းသားတွေ အလဲအလှယ်လုပ်တဲ့ အစီအစဉ်မှာ နာဗင်လ်ညီနဲ့ လဲလှယ်ဖို့ အစီအစဉ်ရှိခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013