DVB Logo
Home
နိုင်ငံတကာ
လစ်သူယေးနီးယား စာသင်ကျောင်းတွင် ကလေးငယ်များကို ဒရုန်း တပ်ဆင်ပျံသန်းမှု သင်ပေး
DVB
·
September 18, 2025
လစ်သူယေးနီးယား စာသင်ကျောင်းတွင် ကလေးငယ်များကို ဒရုန်း တပ်ဆင်ပျံသန်းမှု သင်ပေး
Donate to DVB

လစ်သူယေးနီးယား ကာကွယ်ရေးဝန်ကြီးဌာနက ရုရှားနယ်စပ်က သူ့နိုင်ငံတဝန်းမှာ ပထမဆုံး အနေနဲ့ စာသင်ကျောင်း ၉ ကျောင်းက အသက် ၁၀ နှစ်အောက် ကလေးတွေနဲ့ လူကြီးတွေကို ဒရုန်းတွေ ဘယ်လိုတပ်ဆင် ပျံသန်းရမယ်ဆိုတာနဲ့ ပရိုဂရမ် ရေးဆွဲနည်းတွေကို သင်ကြားပို့ချနေပါပြီ။

လစ်သူယေးနီးယားဟာ ရုရှား၊ ဘယ်လာရုစ်တို့နဲ့ အနီးအနားမှာ ရှိနေလို့ စစ်ဘက်ဆိုင်ရာ ခံစစ်စွမ်းရည်ကို အလေးအနက်ထား လုပ်ဆောင် တည်ဆောက်နေတယ်လို့ ကာကွယ်ရေး ဒုဝန်ကြီး သောမတ်စ် ဂေါ့လီယို့စကတ်စ်က ပြောပါတယ်။

ကလေးတွေနဲ့ တခြားသူတွေကို First Person View (FPV)၊ quadcopter နဲ့ single-wing drones တွေ တည်ဆောက်တတ်အောင် သင်ကြားပေးသွားမယ်လို့ ဆရာ မင်ဒေါဂက်စ် သာမိုစိုင်တစ်က ပြောပါတယ်။

ရုရှားနိုင်ငံ ကလီနင်ဂရက် နယ်မြေကနေ ၂၀ ကီလိုမီတာအကွာ တောင်ရာဂီယာမြို့က ကျောင်းမှာ ကလေးငယ်တွေဟာ ကွန်ပျူတာနဲ့ ပျံသန်းမှုပုံစံကို လေ့ကျင့်ခဲ့ကြပါတယ်။

လေ့ကျင့်ရေးကွင်းထဲမှာ ယောက်ျားလေးတယောက်ဟာ ဆရာတွေရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ ဒရုန်းယာဉ်ငယ်ကို အတက်အဆင်း လေ့ကျင့်နေပြီး တခါတရံ ကြမ်းပြင်ပေါ် ပြုတ်ကျသွားတာ တွေ့ရပါတယ်။ ကလေးတွေက စိတ်အားထက်သန်တယ်လို့ အတန်းတက်နေတဲ့ ဆရာမက ပြောပါတယ်။

NATO အဖွဲ့ဝင် လစ်သူယေးနီးယားနိုင်ငံထဲမှာ အခုနှစ်နွေရာသီက ဘယ်လာရုစ်နိုင်ငံကို ဖြတ်ကျော်ပျံသန်းလာတဲ့ ရုရှားဒရုန်း ၂ စင်း ပျက်ကျပြီးတဲ့နောက် လေကြောင်းရန်ကာကွယ်ရေးကို အားကောင်အောင် ကူညီဖို့ မဟာမိတ်တွေကို တောင်းဆိုခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲအတွင်း အနောက်မဟာမိတ်အဖွဲ့ဝင်တယောက်က ပထမဆုံးအကြိမ်အဖြစ် ပိုလန်နိုင်ငံက သူ့လေပိုင်နက်ကို ချိုးဖောက်ခဲ့တဲ့ ဒရုန်းတွေကို ပစ်ချပြီးတဲ့နောက် ၂ ရက်အကြာမှာ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) က ဥရောပအရှေ့ဘက်ခြမ်းကို ကာကွယ်ရေး တိုးမြှင့်လုပ်ဆောင်မယ့် အစီအစဉ်တွေကို ကြေညာခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013