DVB Logo
Home
မြန်မာသတင်း
မင်္ဂလာဈေးသစ်တည်ဆောက်မှု ၈၅ ရာခိုင်နှုန်း ပြီးစီး
DVB
·
September 17, 2025
မင်္ဂလာဈေးသစ်တည်ဆောက်မှု ၈၅ ရာခိုင်နှုန်း ပြီးစီး
Donate to DVB

ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ တည်ဆောက်နေတဲ့ အဆင့်မြင့် မင်္ဂလာဈေးသစ် တည်ဆောက်နေမှုဟာ လက်ရှိ ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီလို့ တည်ဆောက်ရေးလုပ်ငန်းခွင်ကနေ သိရပါတယ်။

အဆိုပါ အဆင့်မြင့် မင်္ဂလာဈေးသစ် တည်ဆောက်နေမှုကို အခုနှစ်ကုန်ပိုင်းမှာ ပြီးစီးဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။

လုပ်ငန်းခွင်တာဝန်ကျ စည်ပင်ဝန်ထမ်းတယောက်က “အပေါ်သုံးထပ်လောက်ပဲ ကျန်တော့တယ်။ ဒီနှစ်ကုန်လောက်တော့ ပြီးမှာပါ။ ဆိုင်ခန်းတွေကိုတော့ အရင်မူလပိုင်ရှင်တွေကိုပဲ ပြန်ပေးမလား၊ ပြန်ရောင်းချမလား ဆိုတာတော့ မသိသေးဘူး” လို့ ပြောပါတယ်။

အဆင့်မြင့်မင်္ဂလာဈေးသစ်ကို မြေအောက်ထပ် ၂ ထပ် အပါအဝင် အထပ်မြင့် ၁၅ ထပ်ပါရှိပြီး ပထမအဆင့် ဆိုင်ခန်းများအဖြစ် ဆိုင်ခန်းပေါင်း ၄,၀၆၅ ခန်းပါရှိတဲ့ မြေညီထပ်မှ အထပ်မြင့် ၄ ထပ်အထိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ဆောက်လုပ်တာ ဖြစ်ပါတယ်။

စည်ပင်သာယာရေးကော်မတီကို အပ်နှံမယ့် ဆိုင်ခန်းများမှာ ၅ ပေပတ်လည်နဲ့ ဒုတိယအဆင့်အပိုင်းဖြစ်တဲ့ အထပ်မြင့်များမှာ ၁၀ ပေပတ်လည် ကျယ်ဝန်းပြီး စက်လှေကား အစင်း ၂၀ ပါရှိကာ ကားပါကင် ၇၅ဝ ထားရှိတယ်လို့ သိရပါတယ်။

ဈေးသစ်ဆောက်လုပ်ရေး စီမံကိန်းကို ၂၀၁၈ ခုနှစ်မှာ စတင်ခဲ့ပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ အာဏာသိမ်းဖြစ်စဉ်ကြောင့် ရပ်နားထားခဲ့ရပြီး ၂၀၂၃ ခုနှစ်မှသာ တည်ဆောက်ရေးလုပ်ငန်းတွေ ပြန်စတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဆင့်မြင့်မင်္ဂလာဈေးသစ်မှာ အထပ်ပေါင်း ၁၇ ထပ်၊ ကားပါကင် ၂ ထပ်၊ စားသောက်ဆိုင်၊ ဘဏ်နဲ့ Supermarket၊ ဈေးဆိုင်ခန်းများ၊ ကားပစ္စည်းများ၊ ဂိုဒေါင်များ၊ ရုံးခန်းများနဲ့ ရုပ်ရှင်ရုံလည်း ပါဝင်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013