DVB Logo
Home
မြန်မာသတင်း
မတ္တရာမြို့နယ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ၊ အရပ်သား ၃ ဦးသေဆုံး 
DVB
·
September 17, 2025
မတ္တရာမြို့နယ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ၊ အရပ်သား ၃ ဦးသေဆုံး 
Donate to DVB

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကို စစ်ကောင်စီလေတပ်က စက်တင်ဘာ ၁၆ ရက် နေ့လယ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၃ ယောက် ထိမှန်သေဆုံးပြီး တယောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

စစ်ကောင်စီလေတပ်ဟာ မတ္တရာမြို့နယ်ကို ၂ ကြိမ်ဗုံးကြဲတိုက်ခိုက်တာဖြစ်ပြီး ပထမအကြိမ်မှာ အရပ်သားထိခိုက်တာမရှိပေမဲ့ ဒုတိယအကြိမ် ဗုံး ၃ လုံးကြဲချိန်မှာ အရပ်သားတွေကို ထိမှန်တာလို့ ဆိုပါတယ်။

မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရှေ့တန်းတာဝန်ခံက “ထိခိုက်တယ်၊ သေဆုံးတယ်လို့ပဲ သိရသေးတယ်။ သူတို့အမည် နဲ့ မိဘအမည်ကိုတော့ မသိရသေးဘူး။ တိုက်ပွဲ လည်းမရှိဘဲ ကြဲသွားတာ။ တိုက်ပွဲက ပြင်ဦးလွင်အစပ်နဲ့ မတ္တရာအစပ်မှာဖြစ်တာ။ ဒီဘက်ကိုတော့ အလွတ်ကြဲနေတာဗျ။ အခုလည်း လေယာဉ်ဝဲနေတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီလေတပ်ဟာ မတ္တရာမြို့နယ် မတ္တရာအရှေ့မြောက်ခြမ်းကို တိုက်လေယာဉ် တစင်းနဲ့ ဋီကာစာသင်တိုက်အနီးကို  နေ့လယ် ၂ နာရီခွဲမှာ ဗုံးကြဲတိုက်ခိုက်ပေမဲ့ အထိအခိုက်မရှိဘူးလို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ တိုက်လေယာဉ်တစင်းနဲ့ ဥက္ကံရွာအနီးက ကားနဲ့ ဆိုင်ကယ်ဝပ်ရှော့ကို ဗုံးကြဲတိုက် ခိုက်တာကြောင့် ဆိုင်အတွင်းမှာရှိတဲ့ အသက် ၅၀ အရွယ်  ဦးဝင်း ၅၀ သေဆုံးပြီး အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသား ၂ ယောက်လည်း သေဆုံးတဲ့အပြင် အသက် ၃၀ ကျော်အရွယ်အမျိုးသားတယောက် စိုးရိမ်စရာ ဒဏ်ရာရခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်တဲ့နေရာတွေနဲ့ တိုက်ပွဲဖြစ်နေတဲ့နေရာဟာ မိုင် ၃၀ လောက်ဝေး တာဖြစ်ပြီးတော့ စစ်တပ်က လေယာဉ်တွေဟာ မတ္တရာ၊ စဉ်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေကို ဆက်တိုက်ဗုံးကြဲနေတာလို့ ဆိုပါတယ်။

ဒဏ်ရာရသူကိုတော့ လူမှုကူညီရေးအသင်းကနေ တာဝန်ယူပြီး ကူညီပေးထားပါတယ်။ မနေ့က ည ၁၁ နာရီဝန်းကျင်ကလည်း Y12 နဲ့ စစ်ကောင်စီလေတပ်က ဆည်တော်အနီး တဝိုက်ကို ဗုံး ၃ လုံးကြဲချတိုက်ခိုက်ပေမဲ့ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013