DVB Logo
Home
မြန်မာသတင်း
မလေးရှားက မြန်မာအလုပ်သမားများ တရားဝင်ဖြစ်ရေး သံရုံးလုပ်ဆောင်နေ
DVB
·
December 1, 2014
မလေးရှားက မြန်မာအလုပ်သမားများ တရားဝင်ဖြစ်ရေး သံရုံးလုပ်ဆောင်နေ
Donate to DVB

မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ အထောက်အထားမဲ့ တရားမ၀င်မြန်မာအလုပ်သမားတွေကို  အစိုးရချင်းညှိနှိုင်းပြီး တရားဝင်ဖြစ်အောင် ဆောင်ရွက်ပေးနေတယ်လို့ မလေးရှား အလုပ်သမား သံအရာရှိ ဦးမင်းမင်းဝင်းက ပြောပါတယ်။

993821_1425208697714138_566988264_n မလေးရှားပြည်ထဲရေးဝန်ကြီးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနတို့က နိုင်ငံတွင်း တရားမ၀င်နေထိုင်သူတွေ၊ ဗီဇာရက်ကျော်  နေထိုင်သူတွေကြောင့်  မလေးရှားနိုင်ငံရဲ့ ပြစ်မှု မှုခင်းတွေ ကိုင်တွယ်ဖို့ ခက်ခဲတဲ့အတွက် အထောက်ထားမဲ့သူတွေအားလုံး  လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာပေးဖို့ အမိန့်ထုတ်ထားတာပါ။

ဒါကြောင့်  အထောက်အထားမဲ့ တရားမ၀င်အလုပ်သမားတွေ တရားဝင်ပြန်ဖြစ်ရေး လုပ်ဆောင် ပေးနေတာဖြစ်တယ်လို့ ဦးမင်းမင်းဝင်းက ပြောပါတယ်။

“အထောက်အထားမရှိဘူး။ ပတ်စပို့မရှိဘူး။ work permit အလုပ်လုပ်ခွင့် မရှိဘူးဆိုရင် နိုင်ငံသားစိစစ်ရေးကတ်နဲ့ အိမ်ထောင်စုဇယားယူလာပြီး ကျနော်တို့ဆီမှာ စာအုပ်လာလျှောက်လို့ ရပါတယ်။ ကျနော်တို့က စာအုပ် ထုတ်ပေမယ် မလေးရှားအစိုးရဖက်က work permit လုပ်ပေးမယ် ဆိုပြီး အစိုးရချင်း  G to G MOU လက်မှတ်ထိုးပြီး လုပ်နေတာပါ။”

မလေးရှားမှာ အထောက်အထားမဲ့ အလုပ်သမားတွေအနေနဲ့ မိမိနိုင်ငံကို  ပြန်မယ်ဆိုရင် ပစ်ဒဏ်ပေးမှာမဟုတ်ဘဲ ဒီဇင်ဘာ ၃၁ရက် မတိုင်မီအထိ လဝကမှာ Special Pass လျှောက်ထားပြီး သက်ဆိုင်ရာ မိခင်နိုင်ငံများသို့ တရားဝင် ပြန်လည်ထွက်ခွာနိုင်တယ်လို့ မလေးအစိုးရ တာဝန်ရှိသူတဦးက  နိုဝင်ဘာလ ၂၃ ရက်နေ့က ပြောကြားထားတာပါ။

မလေးရှားမှာ ၉ နှစ်လောက် တရားမ၀င်နေထိုင်လာခဲ့တဲ့ ဦးသန်းဇော်ကတော့ လာမယ့်အပတ်မှာ မြန်မာနိုင်ငံကို အပြီးပြန်နေတော့မယ်လို့ ပြောပါတယ်။

“တရားမ၀င်တဲ့နေတာ သွားရလာရတာ မလုံခြုံဘူးပေါ့။ ညအိပ်လည်း ကောင်းကောင်း မအိပ်ရဘူး။ ရဲတွေ ရောက်လာမလား လန့်နေရတယ်။ ဘယ်သွားသွား အေးဆေးသွားလို့မရဘူး။ အသက်ကလည်းကြီးလာပြီးတော့ ဟိုမှာပဲ အပြီးပြန်နေတော့မယ်။”

မလေးရှားနိုင်ငံမှာ တရားမ၀င်မြန်မာအလုပ်သမား ၁ သိန်းကျော်ရှိနေတယ်လို့ အလုပ်သမား အရေးလှုပ်ရှားတဲ့အဖွဲ့တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013