DVB Logo
Home
မြန်မာသတင်း
မြန်မာကျားဖြန့်စင်တာများတွင် AI ကို အသုံးချနေဟု လွတ်မြောက်လာသူပြောကြား
DVB
·
September 16, 2025
မြန်မာကျားဖြန့်စင်တာများတွင် AI ကို အသုံးချနေဟု လွတ်မြောက်လာသူပြောကြား
Donate to DVB

မြန်မာနိုင်ငံက ကျားဖြန့်ငွေလိမ်ဂိုဏ်း Scam Center တွေမှာ AI နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချနေတယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ ကင်ညာနိုင်ငံသားတယောက်က ပြောပါတယ်။

မီဒီယာပညာရပ် ဒီပလိုမာဘွဲ့ရ အသက် ၂၆ နှစ်အရွယ် ဒွန်ကန် အိုကင်ဒိုဟာ ထိုင်းနိုင်ငံမှာ ဖောက်သည်ဝန်ဆောင်မှုအလုပ် ရမယ်ဆိုတဲ့အတွက် နိုင်ရိုဘီကနေ ထွက်ခွာလာခဲ့တာပါ။

ဒါပေမဲ့ မြန်မာနိုင်ငံအထိ လူကုန်ကူးခံခဲ့ရပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကျားဖြန့်လုပ်ငန်းတခုမှာ အမေရိကန် အိမ်ခြံမြေအေးဂျင့်တွေကို AI နည်းပညာသုံးပြီး လိမ်လည်ဖို့ အဓမ္မစေခိုင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

အိုကင်ဒိုရဲ့ ပြောကြားချက်အရ သူဟာ မိဘနဲ့ညီမတွေကို ထောက်ပံ့ဖို့ ရုန်းကန်နေရချိန်မှာ အရင်ကတည်းက သိကျွမ်းတဲ့ ကင်ညာအေးဂျင့်တယောက်က ထိုင်းမှာ အလုပ်အမြန်ခေါ်နေတယ် ဆိုပြီး မက်လုံးပေးသွေးဆောင်ခဲ့တာလို့ ဆိုပါတယ်။

သူ နိုင်ရိုဘီကနေ ထွက်ခွာချိန်ကစပြီး လေဆိပ်ကနေ လေယာဉ်ပေါ်တက်တဲ့အထိ ဓာတ်ပုံတွေ အဆင့်ဆင့် ရိုက်ကူးခံခဲ့ရပါတယ်။

ဒါဟာ သူ့ကို ကျားဖြန့်ဂိုဏ်းတွေဆီ ‘ရောင်းချ’ လိုက်ပြီဆိုတဲ့ သက်သေဖြစ်မှန်း နောက်ပိုင်းမှ သိခဲ့ရတယ်လို့ ပြန်ပြောပြပါတယ်။

ထိုင်းကိုရောက်တဲ့အခါ အင်္ဂလိပ်စကားမပြောတဲ့ ယာဉ်မောင်းတယောက်က သူ့ကို ၆ နာရီကြာ ကားနဲ့ခေါ်ဆောင်သွားပါတယ်။

မြစ်တဖက်ကိုကူးပြီးတော့ ကျားဖြန့်လုပ်ငန်းဝင်းထဲကို ပို့ဆောင်ခဲ့ပြီး လေ့ကျင့်ရေးတွေ ချက်ချင်းစတင်ခဲ့ရပါတယ်။

သူလုပ်ခဲ့ရတဲ့အလုပ်ကတော့ အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်က အိမ်ခြံမြေအေးဂျင့်တွေကို ပစ်မှတ်ထား လိမ်လည်ရတာဖြစ်ပြီး တနေ့ကို အေးဂျင့် အယောက် ၁,၀၀၀ ကျော်အထိ ဆက်သွယ်ခဲ့ရတယ်လို့ ဆိုပါတယ်။

အင်္ဂလိပ်စကား ပိုကောင်းမွန်အောင်၊ အမေရိကန်အိမ်ရာဈေးကွက်အကြောင်း လေ့လာနိုင်အောင်နဲ့ ဒေသခံတယောက်လို ပြောနိုင်အောင် ChatGPT ကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

AI နည်းပညာတွေဟာ ကျားဖြန့်လုပ်ငန်းတွေကို ပိုပြီး ယုံကြည်စရာကောင်းအောင် ဖန်တီးပေးသလို လူကုန်ကူးသူတွေကိုလည်း ပိုပြီး ထိထိရောက်ရောက် လုပ်ဆောင်နိုင်အောင် ကူညီပေးတယ်လို့ အိုကင်ဒိုက ပြောပါတယ်။

ကင်ညာအာဏာပိုင်တွေရဲ့အဆိုအရ မကြာသေးမီနှစ်တွေအတွင်း အရှေ့တောင်အာရှကို လူကုန်ကူးခံရသူ ဒါဇင်နဲ့ချီရှိပြီး ပြီးခဲ့တဲ့ဧပြီလက မြန်မာနိုင်ငံကနေ ကင်ညာနိုင်ငံသား ၇၈ ယောက်ကို နေရပ်ပြန်ခေါ်နိုင်ခဲ့ပါတယ်။

လူကုန်ကူးမှုတိုက်ဖျက်ရေး NGO တခုကတော့ AI နည်းပညာကို ကျားဖြန့်လိမ်လည်မှုတွေမှာတင် မကဘဲ လူကုန်ကူးခံရတဲ့ အလုပ်သမားတွေကို စည်းရုံးသိမ်းသွင်းဖို့နဲ့ ထိန်းချုပ်ဖို့ပါ အသုံးပြုလာတာကြောင့် ဒီပြဿနာကို ဖော်ထုတ်ဖို့ ပိုခက်ခဲလာတယ်လို့ သုံးသပ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013