DVB Logo
Home
မြန်မာသတင်း
ထိုင်း LGBT အလှမယ်ပြိုင်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆိုသူ 4th Runner up ဆုရရှိ 
DVB
·
September 16, 2025
ထိုင်း LGBT အလှမယ်ပြိုင်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆိုသူ 4th Runner up ဆုရရှိ 
Donate to DVB

ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းအရှေ့တောင်ပိုင်း ပတ္တယားကမ်းခြေမှာ ပြုလုပ်သွားတဲ့ ထိုင်း LGBT အလှမယ်ပြိုင်ပွဲမှာ မြန်မာ့ဒီမိုကရေစီခေါင်း‌ဆောင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး တောင်းဆိုခဲ့တဲ့ ထိုင်း LGBT အလှမယ် ကုန့် ချယဝိတ် (Kung Chayavate) က 4th Runner up ဆုကို ရသွားပါတယ်။

You is u 2015 ပွဲစဉ်က အမျိုးသမီးစွမ်းအားနဲ့ ပတ်သက်ပြီး ပြောဆိုရာမှာ သူက   အာဏာသိမ်းစစ်တပ်ရဲ့ မတရားအကျဉ်းချတာခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သင်္ကေတပြယုဂ် ပြုခဲ့ပါတယ်။ 

ပြိုင်ပွဲမှာ သူဟာ  မြန်မာဆန်ဆန် အင်္ကျီလက်ရှည်ရင်စေ့၊ ထဘီအဖြူရောင်ဝတ်ဆင်ပြီး ပုဝါခြုံကာ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ပန်းပန်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

“အားထုတ်မှု ကင်းမဲ့တဲ့ မျှော်လင့်ချက်ဟာ  မျှော်လင့်ချက်ချည်းသာဖြစ်ပြီး ဘာမှဖြစ်မလာဘူး” လို့ သူ့နိုင်ငံက ပြည်သူတွေအတွက် တိုက်ပွဲဝင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်။ ဒီစကားလုံးကို လူတိုင်းလက်ခံတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခြင်း သင်္ကေတပြယုဂ်ဖြစ်တယ်။ သူဟာ ကြံ့ခိုင်တယ် ဒါပေမဲ့ မကြမ်းတမ်းဘူး။ သူ့မှာ ကိုယ်ပိုင်ဟန် Iconic ရှိတယ်။ အနောက်တိုင်းဖက်ရှင်နွယ်တဲ့ အမျိုးသားဝတ်စုံ ဆင်ယင်ထုံးဖွဲ့မှုရှိတယ်။ ပန်းပန်တယ်၊ သူ့ရဲ့ခံယူချက်တွေ ကျမရင်ထဲမှာ ကိန်းအောင်းတယ်။ တပါးသူတွေ လက်ခံနိုင်မယ့်တခုခုကို လုပ်မယ်ဆိုရင် မိမိကိုယ်မိမိ အရင်လက်ခံရမယ်။ အချိန်ပေးရမယ်၊ ကြိုးစားရမယ်၊ အောင်ဆန်းစုကြည်ကို လွှတ်ပေးပါလို့  ၃ ကြိမ်တိုင် ဟစ်ကြွေး တောင်းဆိုခဲ့ပါတယ်။ 

ကုန့် ချယဝိတ်ရဲ့ အမည်ရင်းမှာ Chayavate Somwong ဖြစ်ပြီး ကုန့်ဟဲင့် (ပုစွန်ခြောက်) ကတော့ ငယ်မည်ဖြစ်ပါတယ်။ သူဟာ  ၂၀၁၉ ခုနှစ်ကလည်း Miss LGBT Thailand 2019 ဆုရခဲ့ပါတယ်။ 

Source: You is U,  Mrs. Global Thailand  live 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013