DVB Logo
Home
နိုင်ငံတကာ
ပိုလန်တွင် NATO တပ်များ ချထားရန် သဘောတူ
DVB
·
September 15, 2025
ပိုလန်တွင် NATO တပ်များ ချထားရန် သဘောတူ
Donate to DVB

ပိုလန်သမ္မတ ကာရိုနော့ရော့ခ်စကီက မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့(NATO) တပ်ဖွဲ့တွေကို အရှေ့ပိုင်းကင်းသမားစစ်ဆင်ရေးရဲ့ တစိတ်တပိုင်းအဖြစ် ပိုလန်နိုင်ငံထဲမှာ တပ်စွဲခွင့်ပြုဖို့  သဘောတူခဲ့တယ်လို့ ပိုလန်အမျိုးသားလုံခြုံရေးဗျူရို (BBN) က စက်တင်ဘာ ၁၄ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖြန့်ကြက်ဆုံးဖြတ်ခြင်းရဲ့ သီးခြားအစီအစဉ်တွေနဲ့ အသေးစိတ် အချက်အလက်တွေကို လျှို့ဝှက်ထားပြီး ထုတ်ဖော်ကြေညာမှာ မဟုတ်ပါဘူး။

ရုရှား မောင်းသူမဲ့လေယာဉ် ၁၉ စင်းက ပိုလန်နိုင်ငံရဲ့ လေပိုင်နက်ထဲ ကျူးကျော်ဝင်လာခဲ့တယ်လို့ ပိုလန်အာဏာပိုင်တွေက ပြောအပြီး တရက်အကြာမှာ အရှေ့ပိုင်း ကင်းသမားစစ်ဆင်ရေး ပေါ်ပေါက်လာခဲ့တာပါ။

ယူကရိန်းအနောက်ပိုင်းက စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို ရုရှား ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီး ပိုလန်နိုင်ငံထဲက နေရာတွေကို ပစ်မှတ်ထားဖို့ အစီအစဉ်မရှိဘူးလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။

NATO အဖွဲ့ အတွင်းရေးမှူးချုပ် မာ့ခ် ရူတေက NATO အဖွဲ့ အရှေ့ဘက်ခြမ်းက မဟာမိတ်အဖွဲ့ရဲ့ တားဆီးကာကွယ်ရေး အနေအထားကို အားဖြည့်ဖို့ အရှေ့ဘက် ကင်းသမားစစ်ဆင်ရေးကို စတင်လုပ်ဆောင်နေပြီလို့ ကျန်ခဲ့တဲ့ သောကြာနေ့က ကြေညာခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013