DVB Logo
Home
နိုင်ငံတကာ
ဘားရန့်စ်ပင်လယ်တွင်း ပဲ့ထိန်းဒုံးကျည်တပ် ရုရှားတိုက်လေယာဉ် ပျံသန်း လေ့ကျင့် 
DVB
·
September 15, 2025
ဘားရန့်စ်ပင်လယ်တွင်း ပဲ့ထိန်းဒုံးကျည်တပ် ရုရှားတိုက်လေယာဉ် ပျံသန်း လေ့ကျင့် 
Donate to DVB

'Zapad 2025'  စစ်ရေးလေ့ကျင့်မှုရဲ့ တစိတ်တပိုင်းအဖြစ် အသံထက်မြန်တဲ့ ပဲ့ထိန်းဒုံးကျည်တွေ တပ်ဆင်ထားတဲ့ ရုရှားနိုင်ငံထုတ် MiG-31 ဂျက်တိုက်လေယာဉ်တွေဟာ ဘားရန့်စ်ပင်လယ်ရဲ့ နိုင်ငံတကာ ရေပိုင်နက်ပေါ်ကနေ ၄ နာရီကြာ ပျံသန်းမှု ပြီးဆုံးခဲ့တယ်လို့ အင်တာဖက်စ် သတင်းဌာနက စက်တင်ဘာ ၁၃  ရက်မှာ ဖော်ပြပါတယ်။ 

ရုရှား-ယူကရိန်းစစ်ပွဲအတွင်း ပိုလန်က သူ့လေပိုင်နက်အတွင်း သံသယဖြစ်စရာ ကျူးကျော် ပျံသန်းလာတဲ့ ရုရှားမောင်းသူမဲ့လေယာဉ်တွေကို ပစ်ချပြီးတဲ့နောက် ရက်ပိုင်းအတွင်း ရုရှားနဲ့  ဘီလာရုစ်တို့က ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့တာပါ။

ရုရှားလို “ဓားမြှောင်”လို့ အဓိပ္ပာယ်ရတဲ့ ကင်ဂျယ်ဒုံးကျည်တွေဟာ နျူကလီးယား ဒါမှမဟုတ် သမားရိုးကျ ထိပ်ဖူးတွေကို သယ်ဆောင်ပြီး ဝေဟင်ကနေ ပစ်လွှတ်နိုင်တဲ့ အသံထက်မြန်တဲ့ ပဲ့ထိန်းဒုံးကျည် ဖြစ်ပါတယ်။  ရုရှားဟာ အရင်က ယူကရိန်းကို တိုက်ခိုက်ဖို့ ဒီလို လက်နက်တွေကို သုံးခဲ့ဖူးပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013