DVB Logo
Home
မြန်မာသတင်း
ကျပ်တစ်သောင်းတန် ငွေစက္ကူ အတု သိန်း ၉၀၀ ကျော် ဖမ်းမိ
DVB
·
December 1, 2014
ကျပ်တစ်သောင်းတန် ငွေစက္ကူ အတု သိန်း ၉၀၀ ကျော် ဖမ်းမိ
Donate to DVB

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အိုအေစစ် စားသောက်ဆိုင်မှာ ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ရွက်ရေ ၉၁၀၀ ကို သထုံခရိုင် ရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၈ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်က အဆင့်မြင့် အရာရှိတဦးက ဒီဗွီဘီကို အတည်ပြု ပြောပါတယ်။

10000 Kyatရှမ်းပြည်နယ် တောင်ကြီးကနေတဆင့် ငွေစက္ကူအတုတွေကို သယ်ဆောင်လာတာကို သတင်းရရှိခဲ့တဲ့ အတွက် လိုက်လံရှာဖွေရာမှာ ဖမ်းဆီးရမိခဲ့တာလို့ ပြောပါတယ်။

“သူတို့ကတော့ ပရင်တာနဲ့ ထုတ်ထားတဲ့ဟာမျိုးပါ၊ အတုက အစစ်ထက် အလျား  ပိုရှည်နေတယ်။ အနံကလည်း  ပိုတိုနေတယ်။ အက္ခရာ ဂဏန်းတွေကလည်း အကွာအဝေး မညီဘဲနဲ့ အရောင်တွေ မှိန်နေတာပေါ့၊ နောက် ရုပ်ပုံတွေ ရေစာတွေလည်း မပါဘူးပေါ့။ ကာလာ ပရင်တာနည်းနဲ့ တုပထားတာပါ” လို့ အရာရှိက ပြောပါတယ်။

ဒီငွေစက္ကူအတုဖမ်းဆီးရမိမှုနဲ့ ဆက်စပ်ပြီး ကိုသိန်းဇော်၊ ကိုသက်လွင်ဦး၊ ကိုမျိုးလှိုင်၊ ကိုမင်းထိုက်
၎ ဦးကို ဖမ်းဆီးထားပြီး ဘီးလင်းမြို့နယ်ရဲ တပ်ဖွဲ့ စခန်းမှ နိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၁ဝ၅/ ၁ဝ၆/၁ဝ၇ တို့ဖြင့် အမှုဖွင့်လှစ်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တောင်ကြီးမြို့ကနေ ငွေစက္ကူအတုတွေကို သိန်း ၃၀ နဲ့ ရောင်းချခဲ့တဲ့ ကိုတင့်လွင်ကတော့ လွတ်မြောက်နေဆဲဖြစ်ပြီး လိုက်လံ စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ ငွေကြေး သုံးစွဲတဲ့နေရာမှာ စနစ်တကျ စိစစ်သုံးစွဲသင့်သလို မသင်္ကာစရာ တွေ့ပါက နီးစပ်ရာ ရဲတပ်ဖွဲ့ကို အကြောင်းကြားဖို့ရဲ့တပ်ဖွဲ့က တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013