DVB Logo
Home
နိုင်ငံတကာ
နေတိုးနိုင်ငံများ ရေနံဝယ်ယူမှုရပ်ပါက ရုရှားကို စီးပွားရေးပိတ်ဆို့ရန် အသင့်ရှိကြောင်း ထရမ့်ပ်ပြော
DVB
·
September 14, 2025
နေတိုးနိုင်ငံများ ရေနံဝယ်ယူမှုရပ်ပါက ရုရှားကို စီးပွားရေးပိတ်ဆို့ရန် အသင့်ရှိကြောင်း ထရမ့်ပ်ပြော
Donate to DVB

နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ရုရှားဆီက ရေနံဝယ်ယူတာကို ရပ်တန့်ပါက ရုရှားကို ပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ပြုလုပ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။ 

“ရုရှားကို စီးပွားရေး ပိတ်ဆိုဒဏ်ခတ်မှုတွေ လုပ်ဖို့ အသင့်ပါပဲ။ နေတိုးနိုင်ငံတွေကလည်း ဒါကို သဘောတူပြီး ဒီလိုပိတ်ဆို့မှုတွေ စတင်ပြုလုပ်ရမှာပါ” လို့ ဆိုရှယ်မီဒီယာ Truth မှာ ထရမ့်ပ်က ရေးသားထားပါတယ်။ 

ရုရှားနိုင်ငံကို ကြီးမားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ လုပ်မယ်လို့ ထရမ့်ပ်က အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့ပေမဲ့ ရုရှားက အဲ့ဒီ ခြိမ်းခြောက်မှုတွေကို လျစ်လျူရှုထားသလို အရေးယူဖို့လည်း ပျက်ကွက်နေပါတယ်။ 

ရုရှားရဲ့ ရေနံတွေကို ဝယ်ယူနေတာက အံ့အားသင့်စရာကောင်းတဲ့အကြောင်းနဲ့ နေတိုးနိုင်ငံတွေဟာ တရုတ်နိုင်ငံကို အခွန် ၅၀ ကနေ ၁၀၀ ရာခိုင်နှုန်းအထိ တိုးကောက်သင့်ကြောင်း ထရမ့်ပ်က အကြံပြုထားပါတယ်။ 

ဒီအချက်တွေက ရုရှားကို ထိန်းချုပ်ဖို့ အားနည်းချက်ဖြစ်တယ်လို့ သူက ပြောပါတယ်။ 

နေတိုးနိုင်ငံတွေကို ပေးခဲ့တဲ့စာထဲမှာ ထရမ့်ပ်က “နေတိုးနိုင်ငံတွေ စမယ်ဆိုရင် ကျနော်လည်း စဖို့အဆင်သင့်ပဲ။ ဘယ်တော့စမလဲပြော” လို့ ဖော်ပြထားပါတယ်။ 

ထရမ့်ပ်က ရုရှားရေနံတွေ ဝယ်ယူနေတဲ့ တရုတ်နိုင်ငံကိုလည်း အခွန်နှုန်းတွေတိုးမြှင့်ဖို့ အကြံပေးထားပြီး စစ်ပြီးတဲ့အချိန်မှာ အခွန်ပြန်လျော့ပေးတာက ဒီအကျပ်အတည်းကို ကြီးမားတဲ့ အကူအညီဖြစ်စေတယ်လို့လည်း ဆိုပါတယ်။ 

ဥရောပဟာ စွမ်းအင်အတွက် ရုရှားကို မှီခိုနေရတာဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ ရုရှားကနေ ရေနံဝယ်ယူမှု ၄၅ ရာခိုင်နှုန်း ရှိခဲ့ပြီး ဒီနှစ်မှာ ၁၃ ရာခိုင်နှုန်း ကျဆင်းမယ်လို့ ခန့်မှန်းရပါတယ်။  ဒါပေမဲ့ ဒီပမာဏဟာ မလုံလောက်သေးဘူးလို့ ထရမ့်ပ်က ဆိုပါတယ်။ 

ရုရှားဆီက ရေနံနဲ့ ဓာတ်ငွေ့ဝယ်ယူမှုတွေနဲ့ပတ်သက်လို့လည်း ဥရောပနိုင်ငံတွေကို ယူကရိန်းသမ္မတ ဇလန်းစကီးက ပြီးခဲ့တဲ့အပတ်တုန်းက တောင်းဆိုခဲ့ဖူးပါတယ်။ 

၂၀၂၂ ခုနှစ်မှာ ဥရောပနိုင်ငံတွေဟာ ရုရှားဆီကနေ စွမ်းအင်အတွက် ယူရို ၂၁၀ ဘီလီယံဖိုး ဝယ်ယူခဲ့ပါတယ်။ 

ထရမ့်ပ်ဟာ EU ကို မက်ဆေ့ပေးပို့တာမဟုတ်ဘဲ နေတိုးအဖွဲ့ကို ပြောဆိုခဲ့တာဖြစ်ပြီး တူရကီလို နိုင်ငံမျိုးက ရုရှားဆီကနေ ရေနံအဓိက ဝယ်ယူနေတာမျိုးရှိသလို ရုရှားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးလည်းရှိနေပါတယ်။ 

ရုရှားကို စက်တင်ဘာလအစောပိုင်းမှာ ကြီးမားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြုလုပ်မယ်လို့ ထရမ့်ပ်က ခြိမ်းခြောက်ခဲ့ဖူးပါတယ်။ 

သတင်းထောက်တွေက ရုရှားကို ဒုတိယအဆင့် ပိတ်ဆို့ဒဏ်ခတ်မှုတွေ လုပ်ဖို့ ပြင်ဆင်နေလားဆိုတဲ့ မေးခွန်းကို ထရမ့်ပ်က ရှိပါတယ်လို့သာ ဖြေခဲ့ပြီး အတိအကျတော့ ပြောဆိုခဲ့တာမျိုးမရှိပါဘူး။ 

အမေရိကန်ဟာ ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲနေတဲ့ ရုရှားဆီက ရေနံဝယ်ယူနေတဲ့ အိန္ဒိယနိုင်ငံကို အခွန် ၅၀ ရာခိုင်နှုန်း တိုးမြှင့် သတ်မှတ်ခဲ့ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013