
ဂျပန်နိုင်ငံရဲ့ ရွှေဈေးဟာ ဈေးကွက်အရ ရုတ်တရက်မြင့်တက်လာပြီး နှစ် ၅၀ အတွင်း အမြင့်ဆုံးဖြစ်လာပါတယ်။
ဂျပန်နိုင်ငံရဲ့ ရွှေဈေးဟာ စံချိန်တင်မြင့်တက်မှုတွေ မကြာခဏဖြစ်လာပြီး နှစ် ၅၀ အတွင်း အမြင့်ဆုံးကို ရောက်လာတာဖြစ်ပါတယ်။
လက်လီဈေး ရွှေ ၁ ဂရမ်ကို ၁၂၈ ဒေါ်လာအထိ ရောက်ရှိလာတာပဲဖြစ်ပြီး ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ရင် ဂျပန်ရွှေလက်လီဈေးက ၅၀ ရာခိုင်နှုန်း မြင့်တက်ခဲ့တာဖြစ်ပါတယ်။
ဒီလို ရွှေဈေးမြင့်တက်တာက ဝယ်ယူသူတွေ၊ ကုန်သွယ်မှုတွေနဲ့ တိုက်ရိုက် သက်ဆိုင်မှုရှိတယ်လို့ ဆိုပါတယ်။
ရွှေဆိုင်မန်နေဂျာရဲ့ ပြောကြားချက်အရ လက်ရှိရွှေအရောင်းအဝယ်ဟာ ရောင်းချသူအချိုးက ဝယ်သူထက် ပိုများနေတယ်လို့ သိရပါတယ်။ အရင်တုန်းက ရောင်သူ ဝယ်သူ အချိုးတူပေမဲ့ အခုအချိန်မှာ ပြီးခဲ့တဲ့နှစ်ကထက် ရွှေရောင်းသူ ၂၀ ရာခိုင်နှုန်း တိုးလာတာဖြစ်ပါတယ်။
“လက်ရှိ ယန်းငွေ တန်ဖိုးကျဆင်းလာပါတယ်။ ပြည်တွင်းက ဘဏ္ဍာရေးရင်းနှီးမြှုပ်နှံမှုတွေကို ကြည့်ရင် ရင်းနှီးမြှုပ်နှံသူတွေက ပြည်ပက အလုပ်အကိုင်တွေမှာ ရင်းနှီးမြှုပ်နှံမှုကိုလည်း ရွေးချယ်ကြပါတယ်။ အဲ့ဒီအချိန်မှာ လူတွေက အမေရိကန်ဒေါ်လာအပြင် ရွှေကိုလည်း စုဆောင်းမှုတွေ ပြုလုပ်ကြပါတယ်” လို့ တိုကျိုစီးပွားရေး ပညာရှင် ကူမာနိုက ပြောပါတယ်။
ဂျပန်ရွှေကုမ္ပဏီတွေရဲ့ အမှုဆောင်အချို့က ရွှေရောင်းသူနဲ့ ရွှေဝယ်သူတွေများလာတာကို သတိပြုမိကြပါတယ်။ အဲ့တာကြောင့် အနာဂတ်မှာ ဂျပန်ရွှေဈေးနှုန်း ဆက်ပြီး တိုးလာမယ်လို့ ခန့်မှန်းကြပါတယ်။ ရွှေဝယ်သလိုပဲ ရွှေတန်ဖိုးနဲ့ သတ်မှတ်တဲ့ ETFs ရင်းနှီးမြှုပ်နှံမှုတွေလည်း ရေပန်းစားမှုများလာပါတယ်။
ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံသူတွေဟာ အမေရိကန်ဒေါ်လာနဲ့ယှဉ်ရင် ယန်းငွေတန်ဖိုးကျဆင်းလာတာနဲ့ ငွေကြေးဖောင်းပွဲမှုတွေကြောင့် ရွှေ ETFs တွေမှာ ရင်းနှီးမြှုပ်နှံမှုဟာ သူတို့အတွက် အာမခံတခုအနေနဲ့ စိတ်ဝင်စားလာတာဖြစ်ပါတယ်။ ရွှေ ETFs တွေမှာ ရင်းနှီးမြှုပ်နှံမှုက ငွေလဲနှုန်းမတည်ငြိမ်မှု၊ ငွေကြေးဖောင်းပွဲမှုနဲ့ ကမ္ဘာ့စီးပွားရေး မတည်ငြိမ်မှုဒဏ်ကို ရင်ဆိုင်ရချိန်မှာ ဆုံးရှုံးမှုလျော့နည်းစေပါတယ်။
Source:Reuters










