DVB Logo
Home
နိုင်ငံတကာ
မြောက်ကိုရီးယား စစ်အင်အားမြှင့်တင်ရေး မူဝါဒသစ် ကင်မ်ဂျုံအန်း ချမှတ်မည်  
DVB
·
September 13, 2025
မြောက်ကိုရီးယား စစ်အင်အားမြှင့်တင်ရေး မူဝါဒသစ် ကင်မ်ဂျုံအန်း ချမှတ်မည်  
Donate to DVB

မြောက်ကိုရီးယားနိုင်ငံဟာ လာမယ့် အာဏာရပါတီရဲ့ညီလာခံမှာ နျူကလီးယားလက်နက်နဲ့ သမားရိုးကျ စစ်ရေးအင်အားကို ပူးတွဲမြှင့်တင်ရေးဆိုင်ရာ မူဝါဒတရပ်ကိုတင်ပြမယ်လို့  မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကပြောတဲ့ အကြောင်း  နိုင်ငံပိုင်မီဒီယာ KCNA က သတင်းထုတ်ပါတယ်။

စက်တင်ဘာ ၁၁ ရက်နဲ့ စက်တင်ဘာ ၁၂ ရက်တို့မှာ လက်နက်သုတေသနဌာနတွေကို စစ်ဆေးနေချိန်အတွင်းမှာ ကင်မ်ဂျုံအန်းက ပြောကြားခဲ့တာပါ။

“၉ ကြိမ်မြောက် ကိုရီးယားအလုပ်သမားပါတီကွန်ဂရက်ဟာ နိုင်ငံတော်ကာကွယ်ရေးကို တည်ဆောက်ရေးနယ်ပယ်မှာ နျူကလီယားတပ်ဖွဲ့နဲ့ သမားရိုးကျ လက်နက်ကိုင်တပ်ဖွဲ့တွေ တည်ဆောက်ရေးကို တပြိုင်နက် တွန်းအားပေးတဲ့ မူဝါဒကို ချမှတ်သွားမှာ ဖြစ်တယ်။”

ကင်မ်ဂျုံအန်းဟာ စက်တင်ဘာ ၁၂ ရက်မှာ မြောက်ကိုရီးယားစနိုက်ပါတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုလေ့ကျင့်မှုကို ကြီးကြပ်ခဲ့ကြောင်းလည်း KCNA ပြောပါတယ်။

ဒီလအစောပိုင်းမှာ ကင်မ်ဂျုံအန်းဟာ ပေကျင်းကိုသွားရောက်ခဲ့ပြီး သူ့ရဲ့ အကြီးမားဆုံး နိုင်ငံတကာ မဟာမိတ်အစည်းအဝေးကိုတက်ရောက်တာနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင် အပါအဝင် နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံအပြီးမှာ သူ့ရဲ့ နိုင်ငံတကာပုံရိပ်ကို မြှင့်တင်နေသလို ပြည်တွင်းလှုပ်ရှားမှုတွေလည်း ဆက်တိုက်ထွက်ပေါ်လာနေပါတယ်။

Source:Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013