DVB Logo
Home
နိုင်ငံတကာ
နီပေါစစ်ဦးစီးချုပ်နှင့် Gen Z ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ၊ ကြားဖြတ်အစိုးရဖွဲ့ပေးရန် တောင်းဆို
DVB
·
September 11, 2025
နီပေါစစ်ဦးစီးချုပ်နှင့် Gen Z ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ၊ ကြားဖြတ်အစိုးရဖွဲ့ပေးရန် တောင်းဆို
Donate to DVB

နီပေါစစ်ဦးစီးချုပ် အရွှတ် ရာ့ဂျ် ဆစ်ဂ်ဒယ်လ်နဲ့ Gen Z ဆန္ဒပြအင်အားစုရဲ့ ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြသလို သက်ဆိုင်သူတွေနဲ့ တိုင်ပင်ညှိနှိုင်းခဲ့တယ်လို့ စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်က ထုတ်ပြန်ပါတယ်။

၁၀ ရက်နေ့ ညမှာ Gen Z ကိုယ်စားလှယ်တွေ နီပေါစစ်ရုံးချုပ်ရှေ့မှာ စုဝေးပြီးတော့ တရားသူကြီးချုပ်ဟောင်း ဆူရှီလာ ကာကီကို ယာယီဝန်ကြီးချုပ်အဖြစ် ခန့်အပ်တဲ့ ကြားဖြတ်အစိုးရ ဖွဲ့ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အဲဒီနောက်ပိုင်း စစ်ဦးစီးချုပ်နဲ့ Gen Z ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့တာလို့ ယူဆရပါတယ်။

နီပေါမှာ ဆန္ဒပြပွဲတွေကနေ မငြိမ်မသက်ဖြစ်ပြီးနောက်ပိုင်း သေဆုံးသူ ၃၀ ကျော် ရှိလာပြီဖြစ်သလို ဒဏ်ရာရသူ ၁,၀၀၀ ကျော်သွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

နီပေါမှာ စက်တင်ဘာ ၉ ရက်ကတည်းက စစ်တပ်က တိုင်းပြည်လုံခြုံရေးကို လက်လွှဲယူထားပြီး ကာဖျူးအမိန့် ဆက်ထုတ်ထားသလို ၁၁ ရက်နေ့အထိ ဆက်ရှိမယ်လို့ စစ်တပ်က ပြောပါတယ်။

၉ ရက်နေ့ကစပြီး မငြိမ်သက်မှုတွေကြောင့် ခရီးစဉ်တွေ ရပ်ဆိုင်းထားရတဲ့ ခတ္တမန္ဒူမြို့က အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ၁၀ ရက်နေ့ ည ၆ နာရီကစပြီး ခရီးစဉ်တွေ ပြန်လည်ပြေးဆွဲနေပြီလို့ သိရပါတယ်။

စစ်တပ်ဟာ လုယက်မှုတွေနဲ့ ထောင်ဖောက်မှုတွေကို အပြင်းအထန် နှိမ်နင်းနေတယ်လို့ ကြေညာထားပါတယ်။

နီပေါမှာ WhatsApp၊ Instagram နဲ့ YouTube အပါအဝင် လူမှုကွန်ရက် ၂၆ မျိုး ပိတ်ဖို့ နီပေါအစိုးရက ဆုံးဖြတ်ခဲ့အပြီးမှာ ဆန္ဒပြပွဲတွေ စတင်ခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်းမှာ အဂတိလိုက်စားမှုဆန့်ကျင်ရေး ဆန္ဒပြပွဲ အသွင်ဆောင်လာခဲ့ပြီး ဝန်ကြီးချုပ်ပါ နုတ်ထွက်ခဲ့ရပါတယ်။

ဒါပေမဲ့ တဖက်မှာ အကြမ်းဖက်မှု၊ လုယက်မှု၊ ထောင်ဖောက်မှုတွေပါ ဖြစ်ပွားလာခဲ့ပြီးနောက် စစ်တပ်က လုံခြုံရေးဝင်ထိန်းခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013