DVB Logo
Home
အားကစား
မန်ယူကွင်းလယ်လူဟောင်း အဲရစ်ဆင် ဝုဗ်ဘက်အသင်းဆီ ပြောင်းရွှေ့
DVB
·
September 11, 2025
မန်ယူကွင်းလယ်လူဟောင်း အဲရစ်ဆင် ဝုဗ်ဘက်အသင်းဆီ ပြောင်းရွှေ့
Donate to DVB

မန်ယူနိုက်တက် ကွင်းလယ်လူဟောင်း ခရစ္စတီယန်အဲရစ်ဆင်ဟာ ဂျာမန်ကလပ် ဝုဗ်ဘက်အသင်းဆီ အလွတ်ပြောင်းရွှေ့သွားပါတယ်။

အသက် ၃၃ နှစ်ရှိ ဒိန်းမတ်ကွင်းလယ်လူဟာ မန်ယူနိုက်တက်မှာ ၃ ရာသီကြာ ကစားခဲ့ပြီးနောက် စာချုပ်သက်တမ်း ကုန်ဆုံးလို့ ထွက်ခွာလာခဲ့ပြီးနောက် ဘွန်ဒက်စ်လီဂါဆီ ပြောင်းရွှေ့ခဲ့တာပါ။

၂၀၂၇ ခုနှစ်အထိ စာချုပ် ချုပ်ဆိုခဲ့ပြီး ဝုဗ်ဘက်အသင်းက ဘွန်ဒက်စ်လီဂါမှာ ပထမဆုံးကစားတဲ့ အသင်း ဖြစ်လာမှာဖြစ်ပြီး အသင်းနဲ့အတူ အောင်မြင်မှုတွေရရှိဖို့ မျှော်လင့်ကြောင်း အဲရစ်ဆင်က ပြောပါတယ်။

ဝုဗ်ဘက်မှာ ဒိန်းမတ်ကစားသမား ၅ ယောက်အထိ ပါဝင်ကစားနေတာကြောင့် အများစုက နိုင်ငံအသင်းမှာ ရင်းနှီးပြီးသား ကစားသမားတွေဖြစ်ပြီး အဲဒီအချက်ကလည်း အသင်းပြောင်းရွှေ့ရာမှာ လွယ်ကူစေခဲ့ကြောင်း အဲရစ်ဆင်က ပြောပါတယ်။

ဘရန့်ဖို့ဒ်၊ အင်တာမီလန်၊ စပါးနဲ့ အိုင်ယက်စ်အသင်းတွေမှာလည်း ကစားခဲ့တဲ့ အဲရစ်ဆင်ဟာ မန်ယူကနေ ထွက်ခွာလာပြီးနောက် ဆွီဒင်ကလပ် မယ်လ်မိုအသင်းမှာ လေ့ကျင့်ခန်း ဆင်းခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013