
တိုက်စစ်မှူး ဒီပေးဟာ နယ်သာလန်အသင်းရဲ့ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
စက်တင်ဘာ ၇ ရက်က ကစားခဲ့တဲ့ လစ်သူရေးနီးယားနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စု ပွဲစဉ်မှာ ဒီပေးက သွင်းဂိုး ၂ ဂိုးသွင်းခဲ့ပြီး ၃ ဂိုး ၂ ဂိုးနဲ့ နယ်သာလန် အနိုင်ရခဲ့တာပါ။
နယ်သာလန်အတွက် ၅၁ ဂိုးနဲ့ ၅၂ ဂိုးမြောက် ဂိုးတွေ သွင်းယူနိုင်ခဲ့တဲ့ ဒီပေးဟာ သွင်းဂိုး ၅၀ နဲ့ ဗန်ပါစီ စံချိန်တင်ထားတဲ့ သွင်းဂိုး အများဆုံး စံချိန်ကို ချိုးဖျက်ပြီး စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
ပီအက်စ်ဗွီ၊ မန်ယူနိုက်တက်၊ လီယွန်၊ ဘာစီလိုနာ၊ အက်သလက်တီကိုနဲ့ လက်ရှိအချိန်မှာ ဘရာဇီးကလပ် ကိုရင်သီယန်မှာ ကစားနေတဲ့ ဒီပေးဟာ ၂၀၁၃ ခုနှစ်က လက်ရွေးစင်အသင်းမှာ စတင်ကစားခဲ့ပြီး ၁၀၄ ပွဲ ကစားပြီးချိန်မှာ အသင်းရဲ့ သွင်းဂိုးအများဆုံးကစားသမား ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။










