
ဂျပန်တော်ဝင်မင်းသား ဟီဆာဟီတိုဟာ စက်တင်ဘာ ၆ ရက်က တော်ဝင် ဘုရင့်နန်းတော်မှာ ကာကံနိုဂျီလို့ ခေါ်တဲ့ သူ့ရဲ့ အရွယ်ရောက်ခြင်း အခမ်းအနားကို တက်ရောက်ခဲ့ပြီး နှစ်ပေါင်း ၄၀ အတွင်း တော်ဝင်မိသားစုဝင်အတွက် ပထမဆုံး အရွယ်ရောက်အခမ်းအနားအဖြစ် မှတ်တမ်းဝင်ခဲ့ ပါတယ်။
ဘိုးဘွားတွေဖြစ်တဲ့ ဂျပန်ဧကရာဇ် နာရူဟိတို၊ ဧကရီ မာဆာကိုနဲ့ မင်းသား ဟီဆာဟီတိုရဲ့ မိဘတွေဖြစ်ကြတဲ့ အိမ်ရှေ့မင်းသား ဖှူမိဟိတိုနဲ့ အိမ်ရှေ့မင်းသမီး ကိကိုတို့ဟာ မင်းသားလေးရဲ့ ၁၉ နှစ်မြောက်မွေးနေ့ပွဲ အခမ်းအနားကို ပါဝင်တက်ရောက်ခဲ့ပါတယ်။
ဒီအခမ်းအနားဟာ မင်းသား ဟီဆာဟီတို ကို တော်ဝင်မိသားစုရဲ့ အရွယ်ရောက်ပြီးသူအဖြစ် တရားဝင်အသိအမှတ်ပြုမှုကို မှတ်တမ်းတင်တာဖြစ်ပြီး ဂန္ဓမာ ရာဇပလ္လင်ရဲ့ ဒုတိယမြောက် ဆက်ခံသူရာထူးကို ထပ်မံအတည်ပြုတာလည်း ဖြစ်ပါတယ်။
အခမ်းအနားအတွင်းမှာ မင်းသား ဟီဆာဟီတိုက တော်ဝင်မိသားစုရဲ့ အရွယ်ရောက်ပြီးသူ တယောက်အနေနဲ့ သူ့ရဲ့တာဝန်တွေကို စိတ်အားထက်သန်စွာ ထမ်းဆောင်ဖို့ ရည်ရွယ်ထားကြောင်း ဂျပန်ဧကရာဇ်နဲ့ ဧကရီတို့ရဲ့ ရှေ့မှောက်မှာ ကတိပြုခဲ့ပါတယ်။
ဒါ့အပြင် ဒီကနေ့ သူ့ကို အရွယ်ရောက် အခမ်းအနား ကျင်းပပေးတဲ့အတွက်လည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနဲ့ အရွယ်ရောက် တော်ဝင် မိသားစုဝင်တယောက် အနေနဲ့ သူ့ရဲ့အခန်းကဏ္ဍကို စိတ်အားထက်သန်စွာနဲ့ ဖြည့်ဆည်းပေးနိုင်ဖို့ ရည်ရွယ်ကြောင်း သူ့ရဲ့မိဘ ၂ ပါးဖြစ်တဲ့ အိမ်ရှေ့စံနဲ့ အိမ်ရှေ့မိဖုရားတို့ရှေ့မှာ ကတိပြု ပြောကြားခဲ့ပါတယ်။
Source: Reuters











