DVB Logo
Home
မြန်မာသတင်း
AFC U-23 အာရှဖလားခြေစစ်ပွဲ၌ ဂျပန်က မြန်မာကို ပွဲပြီးခါနီး ပင်နယ်တီဂိုးဖြင့် အနိုင်ရ
DVB
·
September 7, 2025
AFC U-23 အာရှဖလားခြေစစ်ပွဲ၌ ဂျပန်က မြန်မာကို ပွဲပြီးခါနီး ပင်နယ်တီဂိုးဖြင့် အနိုင်ရ
Donate to DVB

ရန်ကုန်၊ သုဝဏ္ဏကွင်းမှာ စက်တင်ဘာ ၆ ရက် မနေ့ညနေက ယှဉ်ပြိုင်ကစားခဲ့တဲ့  AFC U-23 အာရှဖလားခြေစစ်ပွဲမှာ လက်ရှိချန်ပီယံ ဂျပန်လူငယ်အသင်းက  မြန်မာ ယူ-၂၃ အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွား ပါတယ်။

ဒီပွဲမှာ ဂျပန်အသင်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ မြန်မာအသင်းကို တချိန်လုံး ဖိကစားသွားခဲ့ပြီး ဂိုးပေါက်ကန်သွင်းခွင့်တွေလည်းအများအပြားရခဲ့ပေမဲ့ မြန်မာဂိုးသမားနဲ့ နောက်တန်း ကစားသမားတွေ အပါအဝင် တသင်းလုံးနီးပါးဆင်းပြီး ခံစစ်ကစား ခုခံခဲ့လို့ ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲပြန်စပြီး ပွဲချိန် ၅၂ မိနစ်မှာ ဂျပန်အသင်းရတဲ့ ထောင့်ကန်ဘောကနေ ဂျပန်ကစားသမား အိုကာဘဲက သွင်းယူပေးခဲ့လို့ ဂျပန်အသင်း အဖွင့် ဦးဆောင်ဂိုးရသွားခဲ့ပါတယ်။ 

ပွဲချိန် မိနစ် ၈၀ မှာတော့ မြန်မာအသင်း ထောင့်ကန်ဘောကန်ခွင့်ရခဲ့ပြီး လူစားဝင်ကစားသမား စွမ်းထက်က အနီးကပ်ပိတ်ကန်သွင်းယူခဲ့လို့ မြန်မာအသင်း ခြေပဂိုးရသွားခဲ့ပါတယ်။ 

ပူပြင်းတဲ့နေရောင်အောက်မှာ ၂ ဖက်အသင်းသားတွေ ရေကုန်ရေခန်း ကစားသွားခဲ့ကြပြီး တဖက်တဂိုးစီ သရေနဲ့ ပွဲပြီးသွားဖို့ မြန်မာပရိတ်သတ်တွေမျှော်လင့်ခဲ့ကြပေမဲ့ ပွဲပြီးခါနီး ၂ မိနစ်လောက်အလို နာကျင်အချိန်ပိုကျမှ  မြန်မာနောက်ခံလူဖျက်ထုတ်တာ ကြမ်းတယ်ဆိုပြီး ပင်နယ်တီ ပေးခံခဲ့ရပါတယ်။

ဒီပင်နယ်တီကို မြန်မာဂိုးသမား ဟိန်းထက်စိုး ပုတ်ထုတ်ကာကွယ်လုနီးပါးဖြစ်ခဲ့ပေမဲ့ ဂိုးဝင်သွားခဲ့လို့  ပွဲအပြီးမှာ ဂျပန်အသင်း အနိုင် ၃ မှတ်ရရှိသွားပါတယ်။

၂၀၂၆ ဆော်ဒီအာရေဗျမှာ ကျင်းပမယ့် AFC U-23 အာရှဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲတွေ ကျင်းပနေတမှာ မြန်မာအသင်းက ဂျပန်၊ ကူဝိတ်၊ အာဖဂန်နစ္စတန်အသင်းတွေနဲ့ အုပ်စု ( B) မှာ တအုပ်စုတည်းကျနေတာဖြစ်ပါတယ်။

သုဝဏ္ဏကွင်းမှာပဲ မနေ့က ကန်သွားတဲ့ ကူဝိတ်အသင်းနဲ့ အာဖဂန် နစ္စတန်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ကူဝိတ်အသင်းက ၁ ဂိုး ဂိုးမရှိနဲ့အနိုင်ရသွားပါတယ်။

အုပ်စု ( B) မှာ  ၂ ပွဲစီကစားအပြီးမှာ ဂျပန်က ၂ ပွဲနိုင် ၆ မှတ်နဲ့ အုပ်စုပထမရနေပြီး၊ ကူဝိတ်က ၁ ပွဲနိုင် တပွဲသရေ ၄ မှတ်နဲ့ အုပ်စု ဒုတိယ ရနေပါတယ်။ မြန်မာက ကူဝိတ်နဲ့ ဂိုးမရှိသရေကျထားလို့ ၁ မှတ် ရပြီး အုပ်စု တတိယရနေကာ အာဖဂန်နစ္စတန်ကတော့ ၂ ပွဲလုံးရှုံးထားလို့ အမှတ်မရသေးဘဲ အုပ်စု နောက်ဆုံးမှာ ရပ်တည်နေပါတယ်။

လာမယ့် စက်တင်ဘာ ၉ ရက် ညနေ ၄ နာရီမှာတော့ မြန်မာအသင်းနဲ့ အာဖဂန်နစ္စတန် အသင်းတို့ အုပ်စုနောက်ဆုံးပွဲစဉ် ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

Photo: MFF

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013