ဖုမ်ကျိုင်ထိုင်း ပါတီခေါင်းဆောင် အနုတင် ထိုင်းဝန်ကြီးချုပ်သစ်အဖြစ် ရွေးကောက်ခံရ
DVB
·
September 5, 2025

ဖုမ်ကျိုင်ထိုင်းပါတီခေါင်းဆောင် အနုတင် ချန်ဗီရာကူးလ်ဟာ အတိုက်အခံ People’s Party ထောက်ခံမှုနဲ့ ဝန်ကြီးချုပ်သစ် ဖြစ်လာခဲ့ပါတယ်။
ဖွေ့ထိုင်းပါတီက ကိုယ်စားလှယ်လောင်း ချိုင်ကာဆင်မ် နီတီဆီရိကို အနိုင်ရခဲ့တာဖြစ်ပြီး လူနည်းစု အစိုးရတရပ် ဖွဲ့စည်းနိုင်တော့မှာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်အဖြစ် တရားဝင်တာဝန်ယူပြီး အစိုးရသစ် ဖွဲ့နိုင်ဖို့အတွက် ထိုင်းဘုရင်ထံက တော်ဝင်ထောက်ခံချက် ရယူဖို့ အောက်လွှတ်တော်ဥက္ကဋ္ဌက ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။











