DVB Logo
Home
နိုင်ငံတကာ
အီကွေဒေါ မူးယစ်ဆေးတိုက်ဖျက်ရေးအတွက်  ဒေါ်လာ သန်း ၂၀ နီးပါး အမေရိကန်ကူညီ 
DVB
·
September 5, 2025
အီကွေဒေါ မူးယစ်ဆေးတိုက်ဖျက်ရေးအတွက်  ဒေါ်လာ သန်း ၂၀ နီးပါး အမေရိကန်ကူညီ 
Donate to DVB

အီကွေဒေါနိုင်ငံမှာ  မူးယစ်ရာဇဝတ်ဂိုဏ်းတွေကို တိုက်ဖျက်ဖို့အတွက် အမေရိကန်အစိုးရက  လုံခြုံရေးရန်ပုံငွေ ဒေါ်လာ သန်း ၂၀ နီးပါး ပေးအပ်လိုက်ပါတယ်။

ဝါရှင်တန်ဟာ မူးယစ်ဆေးဝါးဂိုဏ်းတွေကို နှိမ်နင်းတိုက်ဖျက်နိုင်ဖို့ မဟာမိတ်တွေကို အားကိုးကြိုးပမ်းနေချိန်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုရဲ့ အီကွေဒေါနိုင်ငံ ခရီးစဉ်အတွင်း အမေရိကန်က လုံခြုံရေးကတိကဝတ်သစ် ဒေါ်လာ သန်း ၂၀ နီးပါးပေးအပ်ကြောင်း စက်တင်ဘာ ၄ ရက်က ကြေညာခဲ့တာပါ။

အီကွေဒေါ နိုင်ငံခြားရေးဝန်ကြီး ဂါဘရီယဲလာ ဆွန်မက်ဖှဲ့လ်ဒ်နဲ့ ပူးတွဲအမှာစကားပြောကြားချိန်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီအိုက မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု တိုက်ဖျက်ဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဌာနက ဒေါ်လာ ၁၃ သန်းခွဲပေးအပ်ကြောင်းနဲ့ ဒါ့အပြင် ဒရုန်းတွေအတွက် ဒေါ်လာ ၆ သန်းထောက်ပံ့ပေးမယ်လို့  ကြေညာလိုက်ပါတယ်။

အမေရိကန်ဟာ အီကွေဒေါ ရာဇ၀တ်ဂိုဏ်း ၂ ခုဖြစ်တဲ့ လော့စ်ချိုနဲရိုးစ်နဲ့ လော့စ်လိုဘိုစ် ဂိုဏ်းတွေကို ပြည်ပအကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ခဲ့ကြောင်းနဲ့ အဲဒီလို သတ်မှတ်ချက်ကြောင့် အမေရိကန်ရဲ့ ဥပဒေတွေအရ လုပ်ဆောင်နိုင်မယ့် ရွေးချယ်စရာတွေ အများကြီး ရှိလာပြီလို့လည်း ရူဘီအိုက ဆိုပါတယ်။

အမေရိကန်ဟာ အဲဒီဂိုဏ်း ၂ ခုလုံးကို ၂၀၂၄ ခုနှစ်မှာ ပိတ်ဆို့ အရေးယူခဲ့တာပါ။ လော့စ်ချိုနဲရိုးစ် ဂိုဏ်းခေါင်းဆောင် ဟိုဆေအဒိုးလ်ဖှိုဖှီတိုမားစီးယပ်စ် ဗီလ်ယာမာကို လက်ရှိ အမေရိကန်ပြည်ထောင်စုမှာ ဖက်ဒရယ်အဆင့် မူးယစ်ဆေးဝါးနဲ့ လက်နက်ဆိုင်ရာ စွဲချက်တွေနဲ့ ဖမ်းဆီးထားပြီး သူကတော့ အပြစ်မရှိကြောင်း ဝန်ခံချေပထားပါတယ်။

အမေရိကန်ဟာ အီကွေဒေါမှာ စစ်အခြေစိုက်စခန်းတခုကို ပြန်ထားရှိဖို့ကတော့ အီကွေဒေါနိုင်ငံက ဖိတ်ခေါ်မယ်ဆိုရင် စဉ်းစားမယ်လို့ ဆိုပါတယ်။

ဒါဟာ ကာကွယ်ရေးဌာနနဲ့ သမ္မတရဲ့ ဆုံးဖြတ်ချက်ဖြစ်ပေမဲ့ မိတ်ဖက်နိုင်ငံလည်းဖြစ်ပြီး မိတ်ဆွေလည်းဖြစ်တဲ့ဆီက တောင်းဆိုတာဖြစ်တဲ့အပြင် နိုင်ငံရေးအရ အရေးကြီးလွန်းတဲ့ တည်နေရာတခု ဖြစ်တာကြောင့် အမေရိကန်ကို တောင်းဆိုလာရင် စဉ်းစားမှာဖြစ်ကြောင်းနဲ့ အချုပ်အခြာပိုင်နိုင်ငံတခု ဖြစ်တာကြောင့် တရားဝင် ဖိတ်ခေါ်ပေးဖို့တော့ လိုအပ်တယ်လို့လည်း ရူဘီအိုက ဆိုပါတယ်။

အမေရိကန်ဟာ အရင်က ကမ်းရိုးတန်းမြို့ မန်းတာမှာ အခြေစိုက်စခန်းတခု ရှိခဲ့ပေမဲ့လည်း ၂၀၀၉ ခုနှစ်မှာ အီကွေဒေါသမ္မတရဲ့ အမိန့်နဲ့ ထွက်ခွာခဲ့ရပါတယ်။

အီကွေဒေါနိုင်ငံဟာ အမေရိကန်နဲ့ သဘောတူညီချက်အရ ဖြစ်နိုင်ခြေရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို လက်ခံမှာဖြစ်ကြောင်း အီကွေဒေါ နိုင်ငံခြားရေးဝန်ကြီး ဆွန်မက်ဖှဲ့လ်ဒ် က ပြောပါတယ်။

ဒါပေမဲ့ အဲဒီလူတွေဟာ အမေရိကန်ပြည်ထောင်စုက ပြည်နှင်ဒဏ်ပေးခံရမှာလား ဒါမှမဟုတ် ဒုက္ခသည်အဖြစ် လျှောက်ထားသူတွေလား ဆိုတာတော့ မသေချာသေးပါဘူး။ လူဦးရေ ကန့်သတ်မယ်လို့တော့ အီကွေဒေါ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013