DVB Logo
Home
မြန်မာသတင်း
မလေးရှား-စင်ကာပူ နယ်စပ်တွင် မြန်မာနိုင်ငံသား ၈၀ ကျော် ဖမ်းဆီးခံရ
DVB
·
September 4, 2025
မလေးရှား-စင်ကာပူ နယ်စပ်တွင် မြန်မာနိုင်ငံသား ၈၀ ကျော် ဖမ်းဆီးခံရ
Donate to DVB

စင်ကာပူနိုင်ငံနဲ့ နယ်စပ် မလေးရှားနိုင်ငံတောင်ပိုင်း၊ ဂျိုဟိုးပြည်နယ်ထဲမှာ တရားမဝင် မြန်မာနိုင်ငံသား အယောက် ၈၀ ကျော် ဖမ်းဆီးခံခဲ့ရတဲ့အကြောင်း Malay Mail သတင်းမှာ စက်တင်ဘာ ၃ ရက်က ဖော်ပြပါတယ်။

အဆိုပါ ပြည်နယ်ထဲက ဖျော်ဖြေရေးစင်တာ ၈ ခုကို သက်ဆိုင်ရာ အာဏာပိုင်တွေက ပြီးခဲ့တဲ့ သြဂုတ် ၃၀ နဲ့ ၃၁ ရက်တွေမှာ ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး တရားမဝင် လှုပ်ရှားမှုတွေမှာ ပါဝင်နေတယ်လို့ ယူဆရတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။

ပြည်နယ်ရဲချုပ် ဒါတုခ် ကာမာရုလ် ဇာမန် မာမတ်က ဖမ်းဆီးခံရသူတွေဟာ အသက် ၂၂ နှစ်ကနေ ၄၇ နှစ်ကြားအရွယ်တွေဖြစ်ပြီး အမျိုးသား ၄၇ ယောက်နဲ့ အမျိုးသမီး ၃၆ ယောက် ပါဝင်ကာ သူတို့ကို ဂျိုဟိုးပြည်နယ် ရာဇ၀တ်မှု စုံစမ်းစစ်ဆေးရေးဌာနက ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။

အဲဒီထဲမှာ အိမ်အကူ၊ ဧည့်ခံကြိုဆိုရေး၊ ထမင်းချက်နဲ့ ဖောက်သည်တွေအထိ ပါဝင်နေပြီး အများစုကတော့ တရားဝင် အထောက်အထားစာရွက်စာတမ်းတစုံတရာ မရှိကြဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် လတ်တလော ရှောင်တခင် စစ်ဆင်ရေးအနေနဲ့ ဝင်ရောက်စစ်ဆေးခဲ့တဲ့ ပြည်နယ်တွင်း ဆိုင်ခွဲတွေဟာ စီးပွားရေးလုပ်ငန်း၊ ဒါမှမဟုတ် ဖျော်ဖြေရေးလိုင်စင်မရှိဘဲ လည်ပတ်နေကြသလို အလုပ်လုပ်ကိုင်ခွင့် ပါမစ်မရှိဘဲ နိုင်ငံခြားအလုပ်သမားတွေကို ငှားရမ်း လုပ်ကိုင်နေကြတယ်လို့လည်း ပြည်နယ်ရဲချုပ်က ပြောပါတယ်။

စစ်ဆင်ရေးအတွင်းမှာတော့ မလေးရှားရဲတပ်ဖွဲ့က ငွေစာရင်းစာအုပ်တွေ၊ အရောင်းပြေစာတွေ၊ မိုဘိုင်းလ်ဖုန်းတွေ၊ တက်ဘလက်တွေနဲ့ မလေးရှားငွေ ရင်းဂစ် ၅,၀၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ ဒီအမှုကို ပြည်နယ်တွင်း ဖျော်ဖြေရေးနှင့် ဖျော်ဖြေရေးနေရာများ ပြဋ္ဌာန်းချက်ဥပဒေ ၁၉၉၈၊ မြို့တော်ကောင်စီ ကုန်သွယ်မှု၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်း လိုင်စင် ဥပဒေ ၂၀၁၆၊ ဒေသန္တရအစိုးရအက်ဥပဒေ ၁၉၇၆ နဲ့ လူဝင်မှုကြီး ကြပ်ရေးအက် ဥပဒေ ၁၉၅၉/၆၃ တို့နဲ့ ဆက်လက်ပြီးတော့ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါ တယ်။

ဒါ့အပြင် မလေးရှားရဲတပ်ဖွဲ့အနေနဲ့ ခုလိုရှောင်တခင် စစ်ဆင်ရေးတွေကို ဆက်လက် အရှိန်မြှင့် လုပ်ဆောင်သွားမှာဖြစ်ပြီး အများပြည်သူတွေအနေနဲ့လည်း ရာဇ၀တ်မှုဆိုင်ရာ သတင်းအချက်အလက်တွေကို သိရှိပါက ရဲတပ်ဖွဲ့ဆီ အကြောင်းကြားဆက်သွယ်ဖို့လည်း တိုက်တွန်းထားပါတယ်။

Source : Malay Mail

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013