DVB Logo
Home
နိုင်ငံတကာ
လိမ်လည်မှုဆန့်ကျင်ရေးအစီအမံများ အကောင်အထည်မဖော်လျှင် Meta ကုမ္ပဏီကို စင်ကာပူက ဒဏ်ငွေချမှတ်မည်
DVB
·
September 4, 2025
လိမ်လည်မှုဆန့်ကျင်ရေးအစီအမံများ အကောင်အထည်မဖော်လျှင် Meta ကုမ္ပဏီကို စင်ကာပူက ဒဏ်ငွေချမှတ်မည်
Donate to DVB

စင်ကာပူရဲတပ်ဖွဲ့က လိမ်လည်လှည့်စားမှုတွေကို တိုက်ဖျက်ဖို့ လူမှုမီဒီယာကွန်ရက် Facebook မှာ အဓိကအစိုးရရုံးတွေက တာဝန်ရှိသူတွေ အယောင်ဆောင်ထားတဲ့ ကြော်ငြာတွေ၊ အကောင့်တွေ၊ ပရိုဖိုင်တွေနဲ့ စီးပွားရေးစာမျက်နှာတွေအပေါ် လိမ်လည်မှုတိုက်ဖျက်ရေး အစီအမံတွေ ဆောင်ရွက်ဖို့ Meta ကို အမိန့်ပေးထားတယ်လို့ အစိုးရ၀န်ကြီးတယောက်က ပြောပါတယ်။

Meta ကုမ္ပဏီဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ စအသက်ဝင်ခဲ့တဲ့ စင်ကာပူနိုင်ငံရဲ့ အွန်လိုင်း ရာဇဝတ်မှု ဘေးအန္တရာယ်အက်ဥပဒေအသစ်အရ အမိန့်ကို လိုက်နာဖို့ ပျက်ကွက်ရင် ကုမ္ပဏီဟာ စင်ကာပူဒေါ်လာ ၁ သန်း ($၇၇၅,၆၉၈) အထိ ဒဏ်ရိုက်ခံရနိုင်ပါတယ်။ 

၂၀၂၄ ခုနှစ်မှာ ဖော်ပြခဲ့တဲ့ e-commerce လိမ်လည်မှုအားလုံးရဲ့ သုံးပုံတပုံကျော်ကို Facebook ပေါ်မှာ ကျူးလွန်ခဲ့တာကို စင်ကာပူ ပြည်ထဲရေးဝန်ကြီးဌာနက ဩဂုတ်လမှာ တွေ့ရှိခဲ့ပါတယ်။ 

Facebook Marketplace ကို သုံးထားတဲ့ လိမ်လည်လှည့်စားမှု ဆန့်ကျင်ရေး အင်္ဂါရပ်တွေဟာ e-commerce ဈေးကွက် ၆ ခုထဲမှာ အနိမ့်ဆုံးအဖြစ် စင်ကာပူ ပြည်ထဲရေးဝန်ကြီးဌာနက အဆင့်သတ်မှတ်ထားပါတယ်။

Meta ကုမ္ပဏီမှာ မျက်နှာမှတ်မိခြင်း နည်းပညာ အပါအဝင် အယောင်ဆောင်ထားတဲ့ အကောင့်တွေကို ရှာဖို့ အထူးပြုစနစ်တွေ ရှိတယ်လို့ Meta ရဲ့ ပြောရေးဆိုခွင့်ရှိသူက စက်တင်ဘာ ၃ ရက်မှာ ပြောပါတယ်။

ထောက်လှမ်းရေးနဲ့ အကဲဖြတ်သုံးသပ်ရေးအဖွဲ့တွေကို အဆင်မြှင့်ဖို့ အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

လိမ်လည်လှည့်စားမှုတွေကို ရှောင်ရှားဖို့ အကြံပြုချက်တွေကိုလည်း မျှဝေထားပြီး ဖြစ်နိုင်ခြေရှိတဲ့ ချိုးဖောက်မှု ဖြစ်နိုင်ခြေတွေကို အစီရင်ခံဖို့ ကိရိယာတွေကို ပေးထားတယ်လို့လည်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Facebook Marketplace ဟာ ၂၀၂၄ ခုနှစ်ကတည်းက စင်ကာပူက ရွေးချယ်ထားတဲ့ ရောင်းချသူတွေအတွက် “အဆင့်မြင့်အသုံးပြုသူ အတည်ပြုခြင်းအစီအမံတွေ” လိုနေတာကို ပြည်ထဲရေးဝန်ကြီးဌာနက အသိအမှတ်ပြုခဲ့ပါတယ်။

ထုတ်ကုန်အတွင်း လုံခြုံရေးသတိပေးချက်တွေအပြင် e-commerce လိမ်လည်မှုအန္တရာယ်ကို သုံးစွဲသူတွေဆီ သတိပေးဖို့ စာတိုပေးပို့တဲ့ လုပ်ဆောင်ချက်တွေမှာပါ လိမ်လည်မှုဆန့်ကျင်ရေး သတိပေးချက်တွေကို မိတ်ဆက်ခဲ့ပါတယ်။

Metaကုမ္ပဏီဟာ သုံးစွဲသူတွေ အလိမ်ခံရမယ့်ဘေးကနေ ကာကွယ်ပေးတဲ့ အကာအကွယ်တွေကို ထည့်သွင်းဖို့ ပျက်ကွက်မှုနဲ့ ပတ်သက်ပြီး စင်ကာပူ အစိုးရက အစောပိုင်းက ဝေဖန်ခဲ့ပြီးတဲ့နောက် အစီအမံတွေကို သုံးခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013