DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်နှင့်သားများ ခရစ်ပတိုထရေးဒင်း ဒေါ်လာ ၅ ဘီလီယံအထိ တန်ကြေးရှိလာ
DVB
·
September 4, 2025
ထရမ့်ပ်နှင့်သားများ ခရစ်ပတိုထရေးဒင်း ဒေါ်လာ ၅ ဘီလီယံအထိ တန်ကြေးရှိလာ
Donate to DVB

ထရမ့်ပ်က မိသားစုက ကျောထောက်နောက်ခံပြုထားတဲ့ crypto  token တွေကို အများပြည်သူ ရောင်းဝယ်မှု စတင်လိုက်အပြီးမှ အမေရိကန်သမ္မတနဲ့ သူ့သားတွေ ပိုင်ဆိုင်တဲ့ ဦးပိုင်လုပ်ငန်းဟာ အကြမ်းဖျင်း ဒေါ်လာ ၅ ဘီလီယံအထိ တန်ကြေးရှိလာခဲ့ပါတယ်။

ထရမ့်ပ်တို့ မိသားစုဟာ World Liberty Financial ဆိုတဲ့ crypto ကုမ္ပဏီကို ပြီးခဲ့တဲ့နှစ် သမ္မတ ရွေးကောက်ပွဲ မဲဆွယ်ပွဲကာလအလယ်မှာ စတင်ထူထောင်ခဲ့တာပါ။ သူကိုယ်တိုင် စည်းကမ်းကြီးကြပ်ရမယ့် လုပ်ငန်းနယ်ပယ်တခုထဲမှာ ကိုယ်တိုင် လုပ်ငန်းဝင်လုပ်တာကြောင့် အကျိုးစီးပွား ပဋိပက္ခတွေ ဖြစ်နိုင်ခြေနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ဖြစ်လာခဲ့ပါတယ်။ 

ဒီကုမ္ပဏီဟာ ရင်းနှီးမြှုပ်နှံသူတွေကို သူ့ရဲ့နာမည်နဲ့ token တွေကို ရောင်းချပြီး ရန်ပုံငွေရှာခဲ့တာ ဖြစ်ပြီး အစပိုင်းမှာတော့ ဝယ်ယူသူတွေကို ပြန်ရောင်းချခွင့် ပိတ်ပင်ထားခဲ့ပါတယ်။ ဒါပေမဲ့ ဇူလိုင်လမှာ ရင်းနှီးမြှုပ်နှံသူတွေက မဲခွဲဆုံးဖြတ်ပြီး ထရမ့်ပ် မိသားစုလို တည်ထောင်သူတွေကလွဲလို့ အစောပိုင်း ဝယ်ယူသူတွေကို သူတို့ပိုင်ဆိုင်တဲ့ WLFI လို့ခေါ်တဲ့ ဒစ်ဂျစ်တယ်ဒင်္ဂါးပြား (digital coins) တွေရဲ့  ၂၀ ရာခိုင်နှုန်းအထိ ရောင်းချခွင့်ပြုခဲ့ပါတယ်။

စက်တင်ဘာ ၁ ရက်နေ့ အရောင်းအဝယ်စတင်ခဲ့ပြီးနောက်ပိုင်း ဈေးနှုန်း ၅၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားခဲ့ပြီး ၂ ရက်နေ့မှာတော့ WLFI ဟာ Binance နဲ့ Coinbase လိုမျိုး  ခရစ်ပတို ရောင်းဝယ်ရေး exchange တွေမှာ ၀ ဒသမ ၂  ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။ 

ဈေးနှုန်းကျဆင်းတာက ဝယ်လိုအားနည်းနေတာကို ပြနေပေမဲ့လည်း ဒီ coin တွေကို အစောပိုင်း ဝယ်ယူသူအများစု ပေးခဲ့ရတဲ့ ဈေးထက် ပိုမြင့်တဲ့ဈေးနဲ့ အရောင်းအဝယ် ဖြစ်နေတုန်းဖြစ်လို့ သူတို့အတွက် အမြတ်အစွန်းရနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။  

ဘဏ္ဍာရေးဆိုင်ရာ ထုတ်ပြန်ချက်တွေအရ ထရမ့်ကိုယ်တိုင်က ဒေါ်လာ ၃.၄ ဘီလီယံကျော် တန်ဖိုးရှိတဲ့ WLFI token ၁၅ ဒသမ ၇၅ ဘီလီယံကို ပိုင်ဆိုင်ထားပြီး၊ crypto ဟာ သူ့ရဲ့အဓိကအကျဆုံး ကြွယ်ဝမှုရင်းမြစ် ဖြစ်လာခဲ့ပါတယ်။

ထရမ့်ပ်မိသားစုဟာ ပြီးခဲ့တဲ့နှစ်က ဖန်တီးခဲ့တဲ့ WLFI coin အလုံးရေ ဘီလီယံ ၁၀၀ မှာ လေးပုံတပုံအောက်ကို ထိန်းချုပ်ထားပါတယ်။ စက်တင်ဘာ ၂ ရက်နေ့ ဈေးနှုန်းတွေအရ သူတို့ရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၅ ဘီလီယံနီးပါး တန်ဖိုးရှိနေပါတယ်။ Coin ရောင်းချမှုကနေရတဲ့ ဝင်ငွေတွေရဲ့ ဝေစုတစိတ်တပိုင်းကိုလည်း ထရမ့်ပ်နဲ့ သူ့သားတွေက ရရှိပါတယ်။ 

ရိုက်တာသတင်းဌာနရဲ့ တွက်ချက်မှုတွေအရ  အဲဒီကနေ သူတို့အတွက် ဒေါ်လာ သန်း ၅၀၀ ကျော် ရရှိပြီးသားဖြစ်တယ်လို့ ဆိုပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013