
ဟော်လန်လက်ရွေးစင်အသင်းမှာ ပရီးမီးယားလိဂ်ကစားသမားတွေများလာတဲ့အပေါ် နည်းပြရော်နယ် ကိုးမန်းက ကျေနပ်သဘောကျနေပါတယ်။
အခုနှစ်နွေရာသီအပြောင်းအရွှေ့မှာ ရိုင်ဒါ၊ ဇာဗီဆီမွန်စ်၊ ဂျိူယယ်ဟာတို၊ ရော်ဘင်ရုစ် အစရှိတဲ့ဟော်လန်ကစားသမားတွေက ပရီးမီးယားလိဂ်ကလပ်တွေဆီ ပြောင်းရွှေ့လာခဲ့ကြတာပါ။
လက်ရှိဟော်လန်အသင်းမှာ ပရီးမီးယားလိဂ်က စားသမား ၁၃ ယောက် ရှိလာပြီး ကမ္ဘာ့အကောင်းဆုံးလိဂ်မှာ ၃ ရက်ခြားပြီး ပွဲတွေကစားရမှာက ပိုမိုကောင်းမွန်တဲ့ ကစားသမားဖြစ်စေလိမ့်မယ်လို့ ရော်နယ်ကိုးမန်းက ပြောပါတယ်။
လူငယ်တိုက်စစ်ကြယ်ပွင့် ဇာဗီဆီမွန်စ်ရဲ့ စပါးအသင်းဆီပြောင်းရွှေ့မှုဟာလည်း ကစားသမားဖြစ်သူအတွက် သင့်တော်ကောင်းမွန်တဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်း ရော်နယ်ကိုးမန်းက ပြောပါတယ်။
ဟော်လန် နောက်ခံလူတွေဖြစ်တဲ့ ဗန်ဒိုက်၊ ဒီလစ်၊ ယူရီယန်တင်းဘား၊ နသန်အကီ၊ ဗန်ဒီဗန်နဲ့ ဟာတို တိုဟာလည်း ပရီးမီးယားလိဂ် ထိပ်တန်း အသင်း ၆ သင်းမှာကစားနေသူတွေ ဖြစ်ပါတယ်။
Photo: Reuters











