DVB Logo
Home
နိုင်ငံတကာ
ရည်မှန်းထားသည့်အောင်ပွဲ မရမချင်း စစ်ပွဲမရပ်ဟု အစ္စရေး စစ်ဦးစီးချုပ်ပြော 
DVB
·
September 3, 2025
ရည်မှန်းထားသည့်အောင်ပွဲ မရမချင်း စစ်ပွဲမရပ်ဟု အစ္စရေး စစ်ဦးစီးချုပ်ပြော 
Donate to DVB


အစ္စရေးစစ်တပ်ဟာ အဆုံးသတ်အောင်ပွဲ ရရှိဖို့ထက် လျော့ပြီးပြင်ဆင်ထားမှု မရှိသလို ရည်မှန်းချက် မရောက်မချင်း စစ်ပွဲကို ရပ်တန့်မှာ မဟုတ်ဘူးလို့ အစ္စရေးစစ်တပ်ရဲ့ စစ်ဦးစီးချုပ် အိုင်ယာလ်ဇမီးယားက စက်တင်ဘာလ ၂ ရက်က စစ်တပ်အခြေစိုက်စခန်းတခုမှာ ပြောပါတယ်။

“ဆက်လက်ဖြစ်ပွားနေတဲ့ စစ်ပွဲအတွက် ကျနော်တို့ ပြင်ဆင်နေပါတယ်။ စစ်ဆင်ရေးရဲ့ တိုက်ခိုက်မှုတွေကိုလည်း တိုးမြှင့်လုပ်ဆောင်သွားမှာပါ၊ ဒါကြောင့် အစ္စရေးစစ်တပ်က သင်တို့ကို ခေါ်ယူနေတာပါ။ ကျနော်တို့ ဂါဇာကမ်းမြောင်မှာ မြေပြင်စစ်ဆင်ရေးကို စတင်နေပြီဖြစ်ပြီး ဘာအမှားမှ မရှိဘူး”လို့  ဇမီးယားကပြောပါတယ်။ 

အစ္စရေးစစ်တပ်ရေဒီယိုက အရန်တပ်ဖွဲ့ဝင် အယောက် ၄၀,၀၀၀ ဟာ စင်တင်ဘာ ၂ ရက်မှာ တာဝန်ထမ်းဆောင်ကြောင်း အစီရင်ခံရမှာဖြစ်ကြောင်း ထုတ်လွှင့်ခဲ့ပါတယ်။

သောင်းနဲ့ချီတဲ့ အရန်တပ်သားတွေဟာ ဂါဇာမြို့ကို သိမ်းယူဖို့ အစ္စရေးရဲ့ ထိုးစစ်အသစ်တခုအတွက် အင်္ဂါနေ့မှာ စတင်တာဝန်ထမ်းဆောင်ဖို့ သတင်းပို့ခဲ့ပါတယ်။

ဂါဇာမှာ လက်ကျန် ဓားစာခံ ၄၈ ယောက်ထဲက အယောက် ၂၀ အသက်ရှင်နေသေးတယ်လို့ အစ္စရေး အာဏာပိုင်တွေက ယူဆထားပါတယ်။ အစ္စရေးဟာ လက်ရှိမှာ ဂါဇာကမ်းမြောင်ရဲ့ ၇၅  ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။

ဂါဇာမြို့သိမ်း အစီအစဉ်ကို အကြီးတန်းအဆင့်တွေမှ သတိပေးမှုတွေရှိနေပေပေမဲ့ ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက အရှိန်မြှင့်လုပ်ဆောင်ချင်နေတာပါ။

ဂါဇာစီးတီးကို ထိန်းချုပ်ဖို့အတွက် ဂါဇာကမ်းမြောင်မှာ ၂ နှစ်နီးပါးကြာ စစ်ရေးလှုပ်ရှားမှုကို တိုးချဲ့ဖို့ နေတန်ယာဟု ဦးဆောင်တဲ့ အစ္စရေး လုံခြုံရေးဝန်ကြီးအဖွဲ့က ပြီးခဲ့တဲ့လက အတည်ပြုလိုက် ပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013