
ထိုင်းပါလီမန်ရှိ အင်အားအကြီးဆုံးအတိုက်အခံပါတီဖြစ်တဲ့ ပြည်သူ့ပါတီ (People's Party) ဟာ နောက်အစိုးရဖွဲ့ဖို့အတွက် ဖုမ်းကျိုင်းထိုင်းပါတီကို ထောက်ခံမယ်လို့ စက်တင်ဘာ ၃ ရက်မှာ ကြေညာလိုက်ပါတယ်။
ဝန်ကြီးချုပ်ဟောင်း ဖဲ့ထောင်းထန်းရာထူးမှ ထုတ်ပယ်ခံရပြီးနောက်ပိုင်း နိုင်ငံရေးအကျပ်အတည်းကို အဆုံးသတ်နိုင်မယ့် အလားအလာကို တိုးစေခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ နောက်တကြိမ် အုပ်ချုပ်ဖို့ မသင့်လျော်တဲ့ ညွန့်ပေါင်း အစိုးရတရပ်ကို တားဆီးဖို့ဖြစ်ပေမဲ့ အဲဒီအစိုးရနဲ့ ပူးပေါင်းမှာ မဟုတ်ဘူးလို့ လွှတ်တော်အမတ်နေရာ ၃ ပုံ ၁ ပုံနီးပါးကို ထိန်းချုပ်ထားတဲ့ အတိုက်အခံ ပြည်သူ့ပါတီခေါင်းဆောင် နတ်ထာဖုန် ရူအန်ပန်ညာဝုတိ က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။
ဖုမ်းကျိုင်းထိုင်းပါတီဟာ ဝန်ကြီးချုပ်ရာထူးအတွက် အာဏာရ ဖွေ့ထိုင်းပါတီနဲ့ ပြိုင်ဆိုင်နေပါတယ်။
ဝန်ကြီးချုပ်အသစ်အတွက် ပါလီမန်မဲခွဲမှုကို စက်တင်ဘာ ၅ ရက်မှာ ပြုလုပ်နိုင်ကြောင်းလည်း နတ်ထာဖုန်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
Source: Reuters











