DVB Logo
Home
မြန်မာသတင်း
လုံးခင်းတွင် အရပ်သား ၁ ဦး ပစ်သတ်ခံရ
DVB
·
September 3, 2025
လုံးခင်းတွင် အရပ်သား ၁ ဦး ပစ်သတ်ခံရ
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းရပ်ကွက် (၅) က ကချင်ရိုးရာရုံးအနီးမှာ စက်တင်ဘာ ၂ ရက် နေ့လယ် ၂ နာရီခွဲလောက် စစ်ကောင်စီတပ်က အမျိုးသားတယောက်ကို ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စစ်ရေးတင်းမာနေတဲ့ ဖားကန့်မြို့နယ်မှာ မနေ့ညက လက်နက်ကြီးတွေကျလို့ အရပ်သား ၃ ယောက် ဒဏ်ရာရပြီးနောက် ဒီနေ့မှာ အရပ်သားတယောက် ထပ်မံပစ်သတ်ခံရတာလို့ ဆိုပါတယ်။

လုံးခင်းဒေသခံတယောက်က “အရပ်သားတယောက် သေနတ်နဲ့ ၂ ချက် ပစ်သတ်ခံရတာ။ နေ့လယ် ၂ နာရီလောက်ကပဲ။ ဘယ်သူလဲ ဆိုတာတော့ အတည်ပြုမရသေးဘူး” လို့ DVB ကို ပြောပါတယ်။

မနေ့ညက ဖားကန့်မြို့နယ်မှာ ရေအေးချောင်ဘက်နဲ့ မြို့ပေါ်က ရှန်းရှန်းစားသောက်ဆိုင်ပေါ် လက်နက်ကြီးကျပြီးနောက် စာသင်ကျောင်း တပတ် ပိတ်ထားတယ်လို့ သိရပါတယ်။

ဖားကန့်မြို့ ဒေသခံတယောက်က “လက်ရှိမှာ တိုက်ပွဲမရှိသေးဘူး။ အခြေအနေသုံးသပ်တာ တိုက်ပွဲမရှိပေမဲ့ လက်နက်ကြီးကျလို့ သေဆုံးတာတွေ များနေသလို အဖမ်းခံရတာတွေလည်း များနေတယ်။ တိုက်ပွဲရယ်လို့ မဟုတ်ဘူး။ စစ်ကြောင်းထိုးရင် ထိတွေ့မှု ပစ်ခတ်မှုတွေ ရှိနေတယ်” လို့ ပြောပါတယ်။

စက်တင်ဘာ ၁ ရက်ကကလည်း မရှီကထောင်ရပ်ကွက် သုခဆေးခန်းအနီးမှာ  အမျိုးသားတယောက် ပစ်သတ်ခံရပြီးတော့ ဩဂုတ် ၃၁ ရက်ကလည်း ကျောက်ဝိုင်းအနီးက  ဆိုင်ကယ်ပြင်ဆိုင်ကို စစ်တပ်က ဝင်စီးပြီး အရပ်သား ၄ ယောက်ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ 

စစ်တပ်က ကာမိုင်းမြို့ကနေ အင်အား ၆၀၀ ကျော်နဲ့ ဖားကန့်မြို့ကို စစ်ကြောင်းထိုးပြီးနောက် မေ ၂၇ ရက်မှာ ဖားကန့်မြို့တွင်းကို ဝင်ရောက်လာတာကြောင့် KIA တပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013