DVB Logo
Home
မြန်မာသတင်း
မိုဘိုင်းဖုန်းဘက်ထရီကို စက္ကန့်ပိုင်းအတွင်း အားသွင်းနိုင်မည့် နည်းပညာ တီထွင်
DVB
·
November 28, 2014
မိုဘိုင်းဖုန်းဘက်ထရီကို စက္ကန့်ပိုင်းအတွင်း အားသွင်းနိုင်မည့် နည်းပညာ တီထွင်
Donate to DVB

အစ္စရေးနည်းပညာကုမ္ပဏီတခုက မိုဘိုင်းဖုန်းဘက်ထရီတွေကို စက္ကန့်ပိုင်း၊ လျှပ်စစ်ကား ဘက်ထရီတွေကို မိနစ်ပိုင်းအတွင်း အားအပြည့်သွင်းနိုင်မယ့် နည်းပညာတခုကို တီထွင်ခဲ့ကြပါတယ်။

တယ်အဗစ်မြို့အခြေစိုက် StoreDot နည်းပညာကုမ္ပဏီက နာနီနည်းပညာတခုကို အခြေခံထားတာဖြစ်ပြီး ရေစုပ်ယူ ထိန်းသိမ်းအား အလွန်ကောင်းတဲ့ ရေမြှုပ်တခု အလုပ်လုပ်ပုံနဲ့ တူညီတယ်လို့ သိပါတယ်။

A lab worker disconnects from a charger a mobile phone at headquarters of StoreDot in Tel Avivလက်ရှိဖုန်းတွေထက် ဓာတ်အားပိုသိုလှောင်ထားနိုင်ပြီး စက္ကန့် ၃၀ အတွင်း ၁ ရက်တာ ဘက်ထရီအား အပြည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။

ဒီနည်းပညာသစ်ကို အရင်က တီထွင်ခဲ့ဖူးခြင်း မရှိသေးဘူးလို့ ကုမ္ပဏီကို ထူထောင်သူ၊ စီအီးအို Doron Myersdorf က ပြောဆိုပါတယ်။

ဒီစီမံကိန်း ရင်းနှီးမြှုပ်နှံသူတွေထဲမှာ ချယ်ဆီးဘောလုံး အသင်းပိုင်ရှင် ရုရှာဘီလီယံနာသူဌေးကြီး Roman Abramovich လည်း ပါဝင်ပါတယ်။

လောလောဆယ်တော့ လက်ရှိမိုဘိုင်လ်းဖုန်းတွေထက် အရွယ်အစား ကြီးလွန်းနေတာကြောင့် ၂၀၁၆ မှာ အစောဆုံး မိုဘိုင်းဖုန်းအရွယ်တွေကို ဈေးကွက် တင်နိုင်မယ်လို့လည်း Doron က ပြောပါတယ်။

အမေရိကန်ဒေါ်လာ ၄၈ သန်းတန် ဒီစီမံကိန်းမှာ အာရှတယ်လီဖုန်းကုမ္ပဏီတခုလည်း ပါဝင်ပြီး အမည်ကိုတော့ ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆန်ပါတယ်။

အခုနှစ်ထဲမှာပဲ ကမ္ဘာတ၀န်း မိုဘိုင်းဖုန်းသုံးစွဲသူဦးရေ ၁.၇၅ ဘီလီယံအထိ တက်လာဖို့ရှိတာကြောင့် ဒီနည်းပညာကို ပိုင်ဆိုင်ခွင့်ရတဲ့ ဖုန်းကုမ္ပဏီကတော့ ဒီမိုဘိုင်းဖုန်းဈေးကွက်ကြီးကို ပိုင်ဆိုင်ခွင့်ရမှာလည်း ဖြစ်ပါတယ်။

လက်ရှိမိုဘိုင်းဖုန်းတွေထက် အမေရိကန်ဒေါ်လာ ၁၀၀ ကနေ ၁၅၀ အထိ ပိုမိုကုန်ကျမှာဖြစ်ပြီး ဘက်ထရီအားသွင်းအကြိမ်ရေ ၁၅၀၀၊ ဒါမှမဟုတ် ဘက်ထရီသက်တမ်း ၃ နှစ်ရှိမှာ ဖြစ်ပါတယ်။

လက်ရှိ တညတာ အားသွင်းနေရတဲ့ လျှပ်စစ်ကားဘက်ထရီတွေကို ၂ မိနစ်၊ ၃ မိနစ်အတွင်း အားသွင်းနိုင်တဲ့ နည်းပညာဖြစ်တာကြောင့် ကမ္ဘာသူ၊ ကမ္ဘာသားတွေရဲ့ အဓိကအကျဆုံး နည်းပညာနယ်ပယ်ကြီး ၂ ခုမှာ အပြောင်းအလဲဖြစ်လိမ့်လို့ မျှော်လင့်ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013