DVB Logo
Home
မြန်မာသတင်း
ဩဂုတ်အတွင်း စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ  ၈၅ ဦး သေဆုံး
DVB
·
September 3, 2025
ဩဂုတ်အတွင်း စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ  ၈၅ ဦး သေဆုံး
Donate to DVB

ဩဂုတ်လအတွင်း နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ခံရသူ စုစုပေါင်း ၃ ယောက် ရှိပြီး စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း ၁၃၀ ကျော် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စက်တင်ဘာလ ၃ ရက် ဒီနေ့ ထုတ်ပြန်တဲ့ AAPP ရဲ့ တလတာ အနှစ်ချုပ်အစီရင်ခံစာအရ ဩဂုတ်လအတွင်း သေဆုံးသူ စုစုပေါင်း ၁၃၉ ယောက်ရှိပြီး အဲဒီထဲကမှ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၈၅ ယောက်နဲ့ အများဆုံးဖြစ်ပါတယ်။

AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က “ဆေးရုံများ၊ စာသင်ကျောင်းများ၊ သာမန်အရပ်သား ပြည်သူများရဲ့နေအိမ်များနဲ့ ကလေးသူငယ်၊ အမျိုးသမီး၊ အရပ်သားပြည်သူများဟာ ဘယ်အချိန်မှာမှ စစ်ရေးပစ်မှတ် မဖြစ်ရပါဘူး။ ဒါပေမဲ့ မတရားအာဏာသိမ်းယူထားတဲ့ စစ်တပ်ဟာ စစ်ရေးပစ်မှတ်အဖြစ် မသတ်မှတ်ရတဲ့နေရာများကို နိစ္စဓူဝ လေယာဉ်နဲ့ ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ မတရားသဖြင့် ညှဉ်းပန်းသတ်ဖြတ်ခြင်းတွေကို ကျူးလွန်နေပါတယ်။ ကမ္ဘာကြီးရဲ့ အချို့အရပ်ဒေသတွေမှာ ဒီလို ကျူးလွန်ခြင်းတွေရှိနေသလို မြန်မာနိုင်ငံမှာလည်း ဖြစ်ပေါ်နေတာပါ။ ဒီလိုကျူးလွန်မူတွေကို အာဆီယံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ ကြားသိနေကြတာ ဖြစ်ပါတယ်။ စစ်တပ်က ဒီလို ကျူးလွန်နေခြင်းမျိုးတွေကို ရပ်တန့်အောင်ဆိုပြီး အပြုသဘော ဆက်ဆံခြင်းမျိုးနဲ့ စစ်အုပ်စုကို ဆက်ဆံနေခဲ့ပေမဲ့ အာဏာသိမ်းပြီး ၄ နှစ်ကျော်သည်အထိ မရပ်တန့်ဘဲ ပိုဆိုးလာနေတာကို တွေ့မြင်ရမှာပါ။ အာဆီယံအပါအဝင် အိမ်နီးချင်းတွေ အနေနဲ့ စစ်အုပ်စုနဲ့ ဆက်ဆံရေးပေါ်လစီကို ပြန်လည်သုံးသပ်သင့်ပါတယ်” လို့ ဆိုပါတယ်။

AAPP ရဲ့ ဒီထုတ်ပြန်ချက်ထဲက ကိန်းဂဏန်းအရေအတွက်တွေဟာ လက်လှမ်းမီသလောက် ကောက်ယူရရှိထားတဲ့ အရေအတွက်တွေသာဖြစ်ပြီး အမည်နဲ့တကွ အတည်ပြုထားနိုင်တဲ့ အချက်အလက်တွေကိုသာ ထည့်သွင်းထားတာ ဖြစ်သလို မြေပြင်မှာ ဖြစ်ပွားနေတဲ့ အချက်အလက်တွေက ဒီကိန်းဂဏန်းထက် ပိုမိုများပြားနိုင်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

အတည်ပြုရန် လိုအပ်နေတဲ့ တလအတွင်း သေဆုံးခဲ့သူ ၁၈၀ ကျော်ကိုလည်း သီးခြားကောက်ယူထားတာလည်း ရှိပြီး အတည်ပြုနိုင်ဖို့ လုပ်ဆောင်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013