DVB Logo
Home
နိုင်ငံတကာ
ဝန်ကြီးချုပ်သစ်နေရာမရသဖြင့် လွှတ်တော်ဖျက်သိမ်းရန် ဖွေ့ထိုင်းပါတီ လျှောက်ထား
DVB
·
September 3, 2025
ဝန်ကြီးချုပ်သစ်နေရာမရသဖြင့် လွှတ်တော်ဖျက်သိမ်းရန် ဖွေ့ထိုင်းပါတီ လျှောက်ထား
Donate to DVB

ထိုင်းဝန်ကြီးချုပ်သစ်အဖြစ် ဖုမ်းကျိုင်းထိုင်းပါတီက အနုထင်း ချန်းဝီရကွန်းကို ထောက်ခံသွားမယ်လို့ အတိုက်အခံ ပြည်သူ့ပါတီက အဆိုပြုခဲ့အပြီးမှာ ဖွေ့ထိုင်းပါတီက ဝန်ကြီးချုပ်နေရာ ရနိုင်ခြေမရှိတော့တဲ့အတွက် လွှတ်တော်ဖျက်သိမ်းပေးဖို့ တော်ဝင်ဘုရင် အမိန့်ဒီဂရီ လျှောက်ထားလိုက်ပါတယ်။

ရွေးကောက်ပွဲနိုင် Move Forward ပါတီ ဖျက်သိမ်းခံခဲ့ရလို့ ပြည်သူ့ပါတီအမည်နဲ့ ဆက်လက် ရပ်တည်နေတာဖြစ်ပေမဲ့ လက်ရှိလွှတ်တော်ထဲမှာ အမတ်အများဆုံးရှိတဲ့ ပါတီ ဖြစ်ပါတယ်။  

ဒါကြောင့် ဒုတိယအင်အားအကြီးဆုံး ဖွေ့ထိုင်းပါတီ ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့နဲ့ တတိယအင်အားအကြီးဆုံး ဖုမ်းကျိုင်းထိုင်းပါတီက ကိုယ်စားလှယ်လောင်းတွေဟာ ဝန်ကြီးချုပ် ဖြစ်ချင်တယ်ဆိုရင် ပြည်သူ့ပါတီရဲ့ ထောက်ခံမှုကို လိုအပ်နေတာဖြစ်ပါတယ်။ 

၄ လအတွင်း လွှတ်တော်ဖျက်သိမ်းဖို့၊ အခြေခံဥပဒေသစ် ရေးဆွဲဖို့ အပါအဝင် ပြည်သူ့ပါတီရဲ့ တောင်းဆိုချက်တွေကို လက်ခံကြောင်းလည်း နှစ်ဖက်စလုံးက ကြေညာထားပါတယ်။ ဒါပေမဲ့ ပြည်သူ့ပါတီဘက်က ဘယ်သူ့ကို ထောက်ခံမလဲဆိုတာ ဆုံးဖြတ်ဖို့ ကြန့်ကြာနေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အိမ်စောင့်ဝန်ကြီးချုပ် ဖုမ်းထမ်းဝေ့ချယချိုင်းက သူ့ပါတီက ကိုယ်စားလှယ်ကို ပြည်သူ့ပါတီက မထောက်ခံရင် လွှတ်တော်ဖျက်သိမ်းမယ်လို့ ပြောခဲ့တဲ့အတိုင်း အခုလို လျှောက်ထားလိုက်တာ ဖြစ်ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013