
တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဇနီး ဖန်လိယွမ်ဟာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ရဲ့ ထိပ်သီးညီလာခံကို လာတက်တဲ့ နိုင်ငံခြားခေါင်းဆောင်တွေရဲ့ ဇနီးတွေနဲ့ ဧည့်သည်တော်တွေကို စက်တင်ဘာ ၁ ရက် မွန်းလွဲပိုင်းမှာ တရုတ်နိုင်ငံမြောက်ပိုင်း ဆိပ်ကမ်းမြို့ တီယန်ကျင်းကို ဖြတ်သန်းစီးဆင်းတဲ့ ဟိုင်ဟော့မြစ်ဆီ လည်ပတ်ဖို့ ဖိတ်ကြားခဲ့ပါတယ်။
ဖန်လိယွမ်ဟာ ဧည့်သည်တွေကို နွေးနွေးထွေးထွေး နှုတ်ဆက်ပြီး အဖွဲ့လိုက် ဓာတ်ပုံမရိုက်မီ တယောက်ချင်း လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။
ဆိပ်ခံတံတားမှာ တရုတ်နဲ့ SCO အဖွဲ့ဝင်နိုင်ငံတွေရဲ့ အလံတွေကို ကိုင်ဆောင်ထားတဲ့ ကလေးတွေက သူတို့ကို “တီယန်ကျင်းမှာ စောင့်နေတယ်” ဆိုတဲ့ သီချင်းနဲ့ သူတို့ကို ကြိုဆိုခဲ့ကြပါတယ်။
အဲဒီနောက် မြစ်ကြောင်းတလျှောက် လှေစီးရင်း မြို့တော်ရဲ့ သမိုင်းကြောင်းနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာခဲ့ပါတယ်။
မြစ်ကမ်းဘေးရှုခင်းတွေကို ခံစားရင်း လက်ဖက်ရည်ကြမ်းသောက်ရင်း ကြိုးသုံးချောင်း တရုတ်ရိုးရာတူရိယာဖြစ်တဲ့ စန်းရှန်းနဲ့ဖျော်ဖြေမှုကို နားထောင်ခဲ့ကြပါတယ်။
ဧည့်သည်တော်တွေထဲမှာ ဥဇဘက်ကစ္စတန်၊ မွန်ဂိုလီးယား၊ အဇာဘိုင်ဂျန်နဲ့ တူရကီနိုင်ငံတို့က သမ္မတတွေ၊ အာမေးနီးယန်း၊ နီပေါ၊ အီဂျစ်နဲ့ မလေးရှားနိုင်ငံတို့က ၀န်ကြီးချုပ်တွေရဲ့ ဇနီးတွေ ပါပါတယ်။
ဖန်လိယွမ်ဟာ ၁၉၈၃ ခုနှစ်တုန်းက ကိုရီးယား အလုပ်သမားများပါတီ (WPK) ရဲ့ ပေါ်လစ်ဗျူရို ဥက္ကဋ္ဌ ကင်မ်ဂျုံအီက တရုတ်နိုင်ငံဆီ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ချိန်မှာ လူသိများတဲ့ မြောက်ကိုရီးယားသီချင်း The Flower Girl ကို ဘာသာစကားနှစ်မျိုးနဲ့ သီဆိုဖျော်ဖြေခဲ့ဖူးတဲ့ ကျေးလက်အဆိုတော်ပါ။
သူဟာ တရုတ်နိုင်ငံရေးမှာ တက်တက်ကြွကြွပါဝင်ပြီး တရုတ် ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်ရဲ့ ၁၁ ကြိမ်မြောက် အမျိုးသားကော်မတီ အဖွဲ့ဝင်တယောက်လည်း ဖြစ်ပါတယ်။
သူ့ရဲ့ စစ်တပ်ရာထူးက ဗိုလ်ချုပ်ကြီးဖြစ်ပြီး ဗဟိုစစ်ကော်မရှင်ရဲ့ အမာခံ အဖွဲ့သား အကဲဖြတ်ရေး ကော်မတီမှာ ပါပါတယ်။
သူဟာ ၂၀၁၁ ခုနှစ်ကတည်းက တီဘီရောဂါနဲ့ HIV/AIDS ဆိုင်ရာ WHO ချစ်ကြည်ရေးသံတမန်လည်း ဖြစ်ခဲ့ပါတယ်။
၂၀၁၄ ခုနှစ် မတ် ၂၇ ရက်မှာ ရှီကျင့်ဖျင်နဲ့အတူ ဥရောပခရီးစဉ်အတွင်း အတူလိုက်လာတဲ့ ဖန်လိယွမ်ကို ယူနက်စကိုရုံးချုပ်မှာ “မိန်းကလေးတွေနဲ့ အမျိုးသမီးတွေ ပညာရေးမြှင့်တင်ရေး အထူးသံတမန်” ဂုဏ်ထူးဆောင်ဘွဲ့ကို ချီးမြှင့်ခဲ့ပါတယ်။
ဖန်လိယွမ်ဟာ ကလေးတွေကို ပိုကူညီဖို့၊ နောက်ထပ် မိန်းကလေးတွေ ပညာသင်ကြားခွင့်အတွက် ထောက်ခံအားပေးဖို့နဲ့ သူတို့ဘဝပြောင်းလဲမှုတွေကို ကူညီဆောင်ရွက်ပေးဖို့ ပိုတိုးမြှင့် ကြိုးပမ်းအားထုတ်သွားမယ်လို့ ကတိပြုထားပါတယ်။
Source: Reuters











