DVB Logo
Home
မြန်မာသတင်း
ပလက်ဝမြို့နယ် လွှတ်တော်အမတ် ဦးစိုးထက် (ခ) ဆလိုင်းမဲလုကို NLD ပါတီမှ ထုတ်ပယ်
DVB
·
September 1, 2025
ပလက်ဝမြို့နယ် လွှတ်တော်အမတ် ဦးစိုးထက် (ခ) ဆလိုင်းမဲလုကို NLD ပါတီမှ ထုတ်ပယ်
Donate to DVB

အာဏာသိမ်းစစ်တပ်က ကျင်းပဖို့ရှိတဲ့ အတုအယောင်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုးထက် (ခ) ဆလိုင်းမဲလုကို ပါတီကနေ ထုတ်ပယ်လိုက်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက စက်တင်ဘာ ၁ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

ဦးစိုးထက်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ချင်းပြည်နယ် ပလက်ဝမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင်နဲ့ ပလက်ဝမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တ‌ယောက်လည်း ဖြစ်ပါတယ်။

ဦးစိုးထက်ဟာ ပြည်သူ့ဆန္ဒတွေကို ဆန့်ကျင်သူဖြစ်ပြီး ပါတီရဲ့ ဆုံးဖြတ်ချက်တွေကို မလိုက်နာတာကြောင့် NLD ပါတီကနေ ထုတ်ပယ်လိုက်တာလို့  ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အာဏာသိမ်းစစ်တပ်က နိုင်ငံရေးတရားဝင်မှုရရှိစေဖို့ ရည်ရွယ်ပြီး အတုအယောင်ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ကြံစည်အားထုတ်နေတာတွေကို အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကြားကာလဗဟိုကော်မတီ အစည်းအဝေးတွေမှာ အသိအမှတ်မပြုဖို့နဲ့ ပူးပေါင်းဆောင်ရွက်တာ မပြုလုပ်ကြဖို့ NLD က သတိပေးထုတ်ပြန်ထားပြီးသား ဖြစ်ပါတယ်။

အခုလို သတိပေးထုတ်ပြန် တားမြစ်ထားပေမဲ့ ဦးစိုးထက်အနေနဲ့ မျက်ကွယ်ပြုတဲ့အတွက် သြဂုတ် ၃၀ ရက်က ကျင်းပခဲ့တဲ့ ဗဟိုဌာနချုပ်အစည်းအဝေးမှာ ပါတီကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်။

အခုလို NLD ပါတီကနေ ထုတ်ပယ်ခံရတာနဲ့ ပတ်သက်ပြီးလည်း ဦးစိုးထက်ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။

ဦးစိုးထက်ဟာ NLD အစိုးရလက်ထက်မှာ ချင်းပြည်နယ်ရဲ့ စည်ပင်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်သူလည်း ဖြစ်ပြီး အာဏာသိမ်းပြီးနောက်မှာတော့  ချင်းပြည်သစ်ကွန်ဂရက်ပါတီ (NCC) ကို ထူထောင်ကာ ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတာ  ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံအကြီးအကဲတွေကို ဖမ်းဆီးအကျဉ်းချထားတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမဝင်အတုအယောင် ရွေးကောက်ပွဲဖြစ်လို့ ပြည်သူအားလုံးနည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်ကန့်ကွက်ကြဖို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေကလည်း  တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013