DVB Logo
Home
နိုင်ငံတကာ
အာဖဂန်တွင် ပြင်းအား ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ လူရာချီ သေဆုံးနိုင်
DVB
·
September 1, 2025
အာဖဂန်တွင် ပြင်းအား ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ လူရာချီ သေဆုံးနိုင်
Donate to DVB

အာဖဂန်နစ္စတန်အရှေ့ပိုင်း၊ ပါကစ္စတန်နဲ့ ထိစပ်တဲ့ တောင်တန်းဒေသမှာ ရစ်ချ်တာစကေး အင်အား ၆ အဆင့်ရှိတဲ့ ငလျင်ကြီး စက်တင်ဘာ ၁ ရက်ကူးခါစ ဒေသစံတော်ချိန် ည ၁၂ နာရီ ၇ မိနစ်မှာ  (မြန်မာစံတော်ချိန် မနက် ၂ နာရီ) မှာ လှုပ်ခတ်ခဲ့တာကြောင့် လူရာချီ သေဆုံးနိုင်တယ်လို့ ကနဦးသတင်းတွေက ဖော်ပြပါတယ်။

မြန်မာစံတော်ချိန်ဒီနေ့ ညနေ ၅ နာရီလောက်အထိရထားတဲ့ သတင်းတွေအရ ငလျင်ကြောင့် သေဆုံးသူ ၆၀၀ ကျော်ရှိသွားပြီလို့ တာလီဘန် ပြည်ထဲရေးဝန်ကြီးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး နိုင်ငံတကာသတင်းတွေမှာဖော်ပြပါတယ်။

ငလျင်အနက်ဟာ ၁၀ ကီလိုမီတာ (၆ ဒသမ ၂) မိုင်ရှိပြီး အနက်တိမ်တဲ့ ငလျင်မျိုး ဖြစ်ပါတယ်။ အိမ်ဒါဇင်ချီ အပျက်အစီးပုံတွေ ဖြစ်ကုန်ပြီလို့ တာလီဘန်အစိုးရ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဝေးလံခေါင်သီပြီး တောင်ထူထပ်တဲ့ ငလျင်ဒဏ်သင့် နေရာအချို့ဟာ မူလကတည်းက ရေကြီး၊ မြေပြိုမှုတွေကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေပြီး လေကြောင်းကသာ သွားလာနိုင်တယ်လို့ သိရပါတယ်။

ဒါကြောင့် နိုင်ငံတကာ လူသားချင်းစာနာမှု အဖွဲ့အစည်းတွေ ကူညီပေးကြဖို့ တာလီဘန်အစိုးရက မေတ္တာရပ်ခံထားပါတယ်။

၂၀၂၃ အောက်တိုဘာလတုန်းကလည်း အာဖဂန်နစ္စတန် အနောက်ပိုင်းပြည်နယ် ဟီရတ်မှာ ငလျင်ကြီး လှုပ်ခတ်ခဲ့တာကြောင့် လူ ၂,၄၀၀ ထက်မနည်း သေဆုံးခဲ့ဖူးပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013