DVB Logo
Home
နိုင်ငံတကာ
မဲပေးသူတိုင်းအတွက် ID လိုသည့် အမိန့်ထုတ်မည်ဟု ထရမ့်ပ် ပြော
DVB
·
August 31, 2025
မဲပေးသူတိုင်းအတွက် ID လိုသည့် အမိန့်ထုတ်မည်ဟု ထရမ့်ပ် ပြော
Donate to DVB

မဲပေးသူတွေအားလုံးအတွက် မဲဆန္ဒရှင်ကတ်ပြား ID လိုအပ်တယ်ဆိုတဲ့ ဥပဒေလို အာဏာတည်စေတဲ့ အမိန့်ထုတ်ပြန်မယ်လို့ အမေရိကန်သမ္မတ ထရမ့်ပ်က ပြောပါတယ်။  

“မဲပေးသူတိုင်းရဲ့ ID က မဲပေးမှု ၁ ခုတိုင်းမှာ ရှိရပါမယ်။ ခြွင်းချက်မရှိပါဘူး။ ဒီအမိန့်ကို ကျနော် ထုတ်ပြန်သွားမှာပါ။ (စာတိုက်ကတဆင့်) အိမ်ကနေ မဲပေးစနစ် (Mail-In Voting) ကိုလည်း တားမြစ်ရမယ်။ အလွန်ဖျားနာသူတွေနဲ့ ဝေးလံတဲ့နေရာက စစ်မှုထမ်းတွေကလွဲရင်ပေါ့” ထရမ့်ပ်က ဆိုရှယ်မီဒီယာ Truth မှာ ပြောပါတယ်။ 

ထရမ့်ပ်ဟာ အမေရိကန်ရဲ့ ရွေးကောက်ပွဲမဲပေးမှုနဲ့ ပတ်သက်လို့ မေးခွန်းထုတ်ခဲ့ဖူးပြီး ဒီအချက်တွေကြောင့် ၂၀၂၀ ခုနှစ်မှာ ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒန်ကို ရှုံးနိမ့်ခဲ့တာလို့ ဆက်ပြီး ပြောဆိုနေတာဖြစ်ပါတယ်။ 

သမ္မတနဲ့ သူ့ရဲ့ ရီပတ်ဘလစ်ကန်အဖွဲ့တွေက နိုင်ငံသားမဟုတ်တဲ့သူတွေရဲ့ မဲတွေကြောင့် သူတို့ ရှုံးနိမ့်ခဲ့ရတာလို့ အခြေအမြစ်မရှိ ပြောဆိုနေကြတာ ဖြစ်ပါတယ်။ 

ဒါက တရားမဝင်ကြောင်းနဲ့ ဖြစ်တောင့်ဖြစ်ခဲလည်း ဖြစ်ပါတယ်။ 

၂၀၂၆ ကြားဖြတ်ရွေးကောက်ပွဲမှာ စာတိုက်ကနေ မဲပေးမှုနဲ့ မဲပေးစက်တွေ အသုံးပြုပြီး မဲပေးမှုတွေကို အဆုံးသတ်မယ်လို့ ထရမ့်ပ်က ဩဂုတ်လအစောပိုင်းမှာ ကတိပေးထားပါတယ်။ 

ဒါပေမဲ့ ပြည်ထောင်စုရွေးကောက်ပွဲအဆင့်ကို ပြည်နယ်အဆင့်မှာ စီမံခန့်ခွဲတာဖြစ်လို့ သမ္မတရဲ့ ဖွဲ့စည်းပုံအာဏာထဲမှာ ဒီလိုလုပ်ခွင့် ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ရိုက်တာက ဖော်ပြပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013