DVB Logo
Home
မြန်မာသတင်း
ကန့်သတ်မှုများကြောင့် ပါဆယ်ပစ္စည်းပို့ဆောင်ရေး ကုမ္ပဏီများ အခက်တွေ့
DVB
·
August 29, 2025
ကန့်သတ်မှုများကြောင့် ပါဆယ်ပစ္စည်းပို့ဆောင်ရေး ကုမ္ပဏီများ အခက်တွေ့
Donate to DVB

မြန်မာပြည်အရပ်ရပ်ကို ပစ္စည်းပေးပို့ရာမှာ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ အပါအဝင် ပစ္စည်းတချို့ကို လက်မခံကြောင်း Royal Express  ဝန်ဆောင်မှုလုပ်ငန်းက ဩဂုတ် ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။

ရွှေထည်၊ ငွေထည်နဲ့ ရှေးဟောင်းပစ္စည်းတွေ၊ ကျောက်မျက်ရတနာနဲ့ တန်ဖိုးကြီးပစ္စည်းတွေ၊ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေ၊ FDA ကတားမြစ်ထားတဲ့ ပစ္စည်းတွေနဲ့ FDA  ခွင့်ပြုချက် မရရှိထားတဲ့ အစားအစာ၊ အလှကုန်နဲ့ ဆေးဝါးတွေ၊ အမြင်မတင့်တယ်တဲ့ ပစ္စည်းတွေ ( လိင်ကိစ္စနဲ့ ပတ်သက်တဲ့ ပစ္စည်း)၊ ငွေစက္ကူလို တန်ဖိုးရှိ ပစ္စည်းတွေ၊ ထီလက်မှတ်၊ ချက်လက်မှတ်တွေနဲ့ ပြန်လည်အစားထိုးပြုလုပ်ဖို့ ခက်ခဲတဲ့ စာရွက်စာတမ်းတွေ၊ လက်နက်၊ ဖောက်ခွဲရေးနဲ့ ဆက်စပ်ပစ္စည်းတွေ လက်နက်အစစ်နဲ့ အနီးစပ်ဆုံးတူတဲ့ ကစားစရာတွေလည်း ပါဝင်ပါတယ်။

အလားတူ ချွန်ထက်တဲ့ စ္စည်းတွေ၊ ဆက်သွယ်ရေးစက်နဲ့ ဆက်စပ်ပစ္စည်းတွေ၊ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းတွေနဲ့ Power Bank ၊ ဘတ်ထရီနဲ့ မီးစက်တွေကိုလည်း လက်မခံဘူးလို့ သိရပါတယ်။

Royal Express  ဝန်ထမ်းတယောက်က “အထက်က ညွှန်ကြားစာရောက်လာလို့ ကန့်သတ်လိုက်တာပါ။ ပစ္စည်းပို့တဲ့အခါမှာလည်း ကျမတို့က ဖောက်စစ်ရတယ်။ တချို့ Customer တွေကျတော့ မကြိုက်ကြဘူး။ ဒါပေမဲ့လည်း တာဝန်အရ လုပ်ရတာပါ” လို့ ပြောပါတယ်။

Royal Express လုပ်ငန်းရဲ့ ၀န်ဆောင်မှုကို အသုံးပြုပြီး ပေးပို့တဲ့ ပါဆယ်ပစ္စည်းတွေမှာ ပေးပို့ခွင့်မရှိတဲ့ ကန့်သတ်ပစ္စည်းတွေ ပါ၀င်နေပါက ပေးပို့သူဟာ တရားဥပဒေအရ ရင်ဆိုင်ရမယ့် ပြဿနာအဝဝအတွက် တာ၀န်ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပေးပို့တဲ့ ပါဆယ်ပစ္စည်းပေါ်မှာ “မဖောက်ရ/မဖွင့်ရ” စတဲ့ အမှတ်အသားတွေကို ရေးသားဖော်ပြထားခြင်း လုံး၀ မပြုလုပ်ဖို့နဲ့ လက်ခံသူရဲ့ အချက်အလက်တွေနဲ့ အတွင်းမှာပါရှိတဲ့ ပစ္စည်းအမျိုးအစားတွေကို မှားယွင်းအချက်အလက်တွေနဲ့ ဖုံးကွယ်ပြီး (သို့) ပေးပို့ဖို့ လက်မခံတဲ့ ပစ္စည်းများကို ကွယ်ဝှက်ပို့ဆောင်ပါက ပေးပို့သူမှာ တာ၀န်အပြည့်ရှိတယ်လို့ အသိပေးထားပါတယ်။

ဒါပေမဲ့ Royal Express နဲ့ပတ်သက်ပြီး ပစ္စည်းတင်ပို့ရာမှာလည်း အဆင်မပြေတာတွေ ရှိတယ်လို့ ဝန်ဆောင်မှု အသုံးပြုသူတွေက ဆိုပါတယ်။

ပစ္စည်းပေးပို့သူ တယောက်က “Royal Express  ရဲ့ Customer Service နဲ့ပတ်သက်ပြီး တော်တော်ညံ့တယ်။ ကိုယ့်ပစ္စည်းရောက်ပြီလား မရောက်လား မေးရင်လည်း မချေမငံပြန်ပြောတယ်။ အဆင်မပြေဘူး။ ပစ္စည်းတွေနဲ့ပတ်သက်ပြီး တာဝန်ယူမှုမရှိဘူး” လို့ ပြောပါတယ်။

Delivery ကုမ္ပဏီဘက်ကလည်း တင်ပို့တဲ့ ပစ္စည်းတွေနဲ့ ပတ်သက်ပြီး တာဝန်ခံမှုမရှိသလို ဂိတ်တွေမှာလည်း ပစ္စည်းတွေ သိမ်းခံရတာရှိတယ်လို့ ကင်မရာဝယ်ရောင်းလုပ်ကိုင်သူတွေက ပြောပါတယ်။

အိမ်အရောက် ပစ္စည်းပို့တဲ့ Delivery လုပ်ငန်းတွေကိုလည်း ကန့်သတ်မှုတွေရှိလာပြီး ပို့မယ့်ကုန်ပစ္စည်းအမယ် အမျိုးအစားနဲ့ မြို့နယ်တွေကို စစ်ကောင်စီက ပိတ်ပင် ကန့်သတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013