DVB Logo
Home
နိုင်ငံတကာ
ကင်မ်ဂျုံအန်းနှင့် ပူတင်တို့ တရုတ် စစ်အောင်ပွဲ နှစ် ၈၀ ပြည့် အခမ်းအနား တက်မည်
DVB
·
August 28, 2025
ကင်မ်ဂျုံအန်းနှင့် ပူတင်တို့ တရုတ် စစ်အောင်ပွဲ နှစ် ၈၀ ပြည့် အခမ်းအနား တက်မည်
Donate to DVB

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှာ စက်တင်ဘာ ၃ ရက် ကျင်းပမယ့် ဂျပန်အပေါ် စစ်အောင်နိုင်မှုနဲ့ ဒုတိယကမ္ဘာစစ် အဆုံးသတ်မှု အနှစ် ၈၀ ပြည့် အခမ်းအနားကို တက်ရောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါဟာ ကင်မ်အတွက် ပထမဆုံးအကြိမ် နိုင်ငံတကာခေါင်းဆောင်အဆင့် စုဝေးမှုတခု တက်ရောက်တာလည်း ဖြစ်ပါတယ်။

အောင်ပွဲနေ့ “Victory Day” ချီတက်ပွဲမှာ ရုရှားသမ္မတ ဗလာဒီမာပူတင် အပါအဝင် နိုင်ငံအကြီးအကဲ ၂၆ ယောက် တက်ရောက်သွားဖို့ရှိတယ်လို့ သိရပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကလည်း ကင်မ်ဂျုံအန်းနဲ့ ထပ်မံ တွေ့ဆုံလိုကြောင်း မကြာသေးမီက ပြောကြားခဲ့ပါတယ်။

မိနစ် ၇၀ ကြာမြင့်မယ့် စစ်ရေးပြပွဲမှာ တရုတ်က တိုက်လေယာဉ်တွေ၊ တင့်ကားတွေ၊ ဒရုန်းဖျက်စနစ်တွေ အပါအဝင် နောက်ဆုံးပေါ် စစ်လက်နက်တွေ ပြသသွားဖို့ ရှိနေပါတယ်။

တရုတ်နိုင်ငံက ၂၀၁၅ မှာ နောက်ဆုံးကျင်းပခဲ့တဲ့ အောင်ပွဲနေ့ အခမ်းအနားမှာ မြောက်ကိုရီးယားက ထိပ်တန်းကိုယ်စားလှယ်တယောက်ပဲ စေလွှတ်ခဲ့ဖူးပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင် အနေနဲ့ကတော့ ပထဝီနိုင်ငံရေးဖဲချပ်တွေ သူကိုင်ထားနိုင်ကြောင်း အချက်ပြတဲ့သဘော ဖြစ်နေပြီး ထရမ့်ပ်ထက်စာရင် ရှီက ဒီခေါင်းဆောင်နှစ်ယောက်အပေါ်မှာ လွှမ်းမိုးမှု အတိုင်းအတာတခုအထိ ရှိနေပါတယ်။

ထရမ့်ပ်က အောက်တိုဘာလကုန်ပိုင်း အာရှဘက်လာဖို့နဲ့ ရှီနဲ့တွေ့ဖို့ စီစဉ်နေချိန်မှာ တရုတ်ဘက်က အချိန်ကိုက် အင်အားပြတဲ့သဘောလည်း ဖြစ်ပါတယ်။

တရုတ်ခေါင်းဆောင်အနေနဲ့ ထရမ့်ပ်နဲ့မတွေ့ခင် ပူတင်တို့၊ ကင်မ်ဂျုံအန်းတို့နဲ့ ကြိုတင်တွေ့ဆုံနိုင်မှာလည်း ဖြစ်ပါတယ်။

ကင်မ်ဂျုံအန်းဟာ ၂၀၁၉ ခုနှစ်က မြောက်ကိုရီးယား-တရုတ် သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့် အခမ်းအနား တက်ရောက်ဖို့ ပေကျင်းကို လာရောက်ခဲ့တာ နောက်ဆုံးဖြစ်ပြီး အဲဒီနောက်ပိုင်း မရောက်တာ ၆ နှစ်ရှိခဲ့ပြီ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013