DVB Logo
Home
မြန်မာသတင်း
မြန်မာဒုက္ခသည်များကို ထိုင်းအစိုးရက အလုပ်လုပ်ခွင့်ပြုသည့်အပေါ်  ကုလကြိုဆို
DVB
·
August 27, 2025
မြန်မာဒုက္ခသည်များကို ထိုင်းအစိုးရက အလုပ်လုပ်ခွင့်ပြုသည့်အပေါ်  ကုလကြိုဆို
Donate to DVB

ထိုင်းနိုင်ငံထဲ နှစ်ရှည်လများနေထိုင်နေကြတဲ့ မြန်မာပြည်က စစ်ဘေးဒုက္ခသည်တွေကို နိုင်ငံတွင်း တရား ဝင်အလုပ်လုပ်ခွင့်ပြုမယ့် ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်အသစ်ကို ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာအေဂျင်စီ(UNHCR)က ကြိုဆိုကြောင်း ဩဂုတ် ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံက UNHCR ကိုယ်စားလှယ် တမ်မီ ရှာ့ပ်က ဒါဟာ ကြီးမားတဲ့ ခြေလှမ်းသစ် တခုဖြစ်ပြီး ဒုက္ခသည်တွေအနေနဲ့ သူတို့ ကိုယ်သူတို့ ထောက်ပံ့နိုင်ရုံသာမက ဒေသတွင်း စီးပွားရေးကိုပါ အကျိုးပြုပြီး ထိုင်းနိုင်ငံရဲ့ ရေရှည်တိုးတက်မှုကို အားကောင်းစေမယ်လို့ ပြောပါတယ်။

ဒါ့အပြင် ကာလရှည်ကြာနေထိုင်နေတဲ့ ဒုက္ခသည်တွေရဲ့ အလားအလာနဲ့ အခြေအနေကို လက်ခံပြီးတော့ တံခါးဖွင့်ပေးမှုကြောင့် ထိုင်းနိုင်ငံဟာ လူ သားချင်းစာနာထောက် ထားမှုဆိုင်ရာ အခြေခံမူတွေကို လိုက်နာရုံသာမက သူ့ရဲ့ အနာဂတ်အတွက် မဟာဗျူ ဟာမြောက် ရင်းနှီးမြှုပ်နှံမှုတွေကို ပြုလုပ်နေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

လတ်တလော ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်အသစ်မှာ အရေအတွက် အကန့်အသတ်နဲ့ သာ အကျုံးဝင်ပေမဲ့ ကုလသမဂ္ဂအနေနဲ့ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဒုက္ခသည်တွေ ပါ၀င်နိုင်စေရေးအတွက် ဆက်လက် ထောက်ခံအားပေးသွားမှာဖြစ်ကာ မူဝါဒသစ်ကို အကောင်အထည်ဖော်ရာမှာလည်း ထိုင်းအစိုးရကို ပံ့ပိုးကူညီသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထိုင်းအစိုးရရဲ့ ဒီဆုံးဖြတ်ချက်ဟာ ထိုင်း-ကမ္ဘောဒီးယားပဋိပက္ခကြောင့် လစ်လပ်သွားတဲ့ ကမ္ဘောဒီးယားလုပ်သားတွေ နေရာမှာ နယ်စပ်ဒုက္ခသည်စခန်း ၉ ခုက မြန်မာဒုက္ခသည် ၄၂၀၀၀ ကို အစားထိုးပြီးတော့ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပေးဖို့ စီစဉ်နေတာ ဖြစ်တယ်လို့လည်း ထိုင်းသတင်းတွေတချို့မှာ ဖော်ပြပါတယ်။

ထိုင်း-မြန်မာ နယ်စပ်ဒုက္ခသည်စခန်း ၉ ခုမှာတော့ ဒုက္ခသည်ဦးရေ  ၇၀,၀၀၀  ကျော်  လောက် ဆယ်စုနှစ်တွေနဲ့ချီပြီး ခိုလှုံ​နေထိုင်​နေကြတာဖြစ်ပါတယ်။

အ​မေရိကန်အစိုးရက ဒုက္ခသည်​တွေအတွက် ကျန်းမာ​ရေး အကူအညီ​တွေအပါအဝင် လူသားချင်းစာနာ​ထောက်ထားမှုဆိုင်ရာ ​အကူအညီ​ပေးမှု​တွေကို အခု ၂၀၂၅ နှစ်ဆန်းပိုင်းက စတင်ကာ ရပ်ဆိုင်းလိုက်တာ​ကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်​နေကြရတာ ဖြစ်ပါတယ်။

Source:  United Nations

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013