DVB Logo
Home
နိုင်ငံတကာ
တရုတ်ကျောင်းသားများမရှိပါက အမေရိကန်ကောလိပ်များ ရုန်းကန်ရမည်ဟု ထရမ့်ပ်ပြော 
DVB
·
August 27, 2025
တရုတ်ကျောင်းသားများမရှိပါက အမေရိကန်ကောလိပ်များ ရုန်းကန်ရမည်ဟု ထရမ့်ပ်ပြော 
Donate to DVB

အမေရိကန်ကောလိပ်တွေမှာ တရုတ်ကျောင်းသားတွေ မရှိရင် ရုန်းကန်ရလိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်က သြဂုတ် ၂၆ ရက် ထိပ်တန်းအရာရှိတွေနဲ့ ကက်ဘိနက် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

ဒါဟာ စီးပွားရေးပြိုင်ဖက် တရုတ်နဲ့ ကုန်သွယ်ရေးဆွေးနွေးမှု တစိတ်တပိုင်းအဖြစ် တရုတ်ကောလိပ်ကျောင်းသား ၆ သိန်းကို နိုင်ငံထဲကို ဝင်ခွင့်ပေးနိုင်ကြောင်း ထရမ့်ပ်က အကြံပြုလိုက်ပြီးနောက် သူ့ကို ထောက်ခံပေးနေသူတွေထဲက တချို့က တုံ့ပြန်ဆန့်ကျင်မှုတွေ ထွက်ပေါ်လာခဲ့တာပါ။ 

အမေရိကန်ပြည်ထောင်စုမှာ တရုတ်ကျောင်းသားတွေကို ထားရှိဖို့ ဆုံးဖြတ်လိုက်တဲ့ မူဝါဒကို ရှင်းပြပေးဖို့ သတင်းထောက်က မေးမြန်းရာမှာ သမ္မတထရမ့်ပ်က “ကျနော်တို့ဟာ တရုတ်နဲ့ အပြန်အလှန် ဆက်ဆံရေး ကောင်းပြီးတော့ သမ္မတ ရှီနဲ့လည်း ပုဂ္ဂိုလ်ရေး ဆက်ဆံရေး ကောင်းတယ်။ ကျောင်းသားတွေကို ဒီကို လာလို့ မရဘူးလို့ ပြောတာက အရမ်းမလေးစားတဲ့ စကားလို ခံစားမိပါတယ်”လို့ ပြောပါတယ်။

ထရမ့်ပ်က “တခြားနိုင်ငံတွေက ကျောင်းသားတွေ ဒီကိုလာသလို သူတို့ကျောင်းသားတွေလည်း ဒီမှာလာရတာကို သဘောကျတယ်။ သူတို့မရှိရင် ဘာဖြစ်မလဲ သိလား။ ပညာရေးစနစ်ထဲက ကျောင်းသားအရေအတွက် ၃ သိန်းကနေ ၆ သိန်းကို  လျှော့ချလိုက်တယ်ဆိုရင် ကျနော်တို့ရဲ့ ကောလိပ်စနစ်က လုံးဝပျက်စီးသွားမယ်။ သိပ်မြန်မြန်ကြီးကို ကျရှုံးသွားမှာဖြစ်ပြီးတော့ ထိပ်တန်းကောလိပ်တွေလည်း ဖြစ်လာမှာမဟုတ်ပဲ အောက်ခြေမှာပဲ ရုန်းကန်နေရတဲ့ ကောလိပ်တွေ ဖြစ်ကုန်လိမ့်မယ်”လို့လည်းဆိုပါတယ်။ 

“အမေရိကန်က ကမ္ဘာပေါ်မှာ အကောင်းဆုံး ကောလိပ်စနစ် တခု ရှိနေပြီး အဲဒီလို ဘယ်မှာမှ နီးနီးစပ်စပ်မရှိဘူး။ ဒါကြောင့်လည်း တရုတ်က သူ့ကျောင်းသားတွေကို ဒီကိုပို့တယ်။ ဒါကို လုပ်ငန်းတခုလို့ ခေါ်ချင်ရင် ခေါ်နိုင်ပေမဲ့ ဒါဟာ လူပေါင်း သန်းနဲ့ချီ ဆိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။ တရုတ်က ကျောင်းသားတွေ ဒီကိုလာတာကိုလည်း  ဂုဏ်ယူမိတယ်”လို့ ထရမ့်ပ်က ပြောဆိုပါတယ်။

အမေရိကန်နဲ့ တရုတ်ဆက်ဆံရေး အရမ်းကောင်းနေတယ်၊ အရင် နှစ်ပေါင်းများစွာတုန်းက တရုတ်က အမေရိကန်နိုင်ငံထဲက ဒေါ်လာတွေ သန်းပေါင်း ရာနဲ့ချီ စုပ်ယူသွားတဲ့ အချိန်တွေတုန်းက ဆက်ဆံရေးနဲ့တော့ ကွာခြားတယ်၊ ဒါပေမဲ့ အခု အပြန်အလှန် လေးစားမှု ရှိကြပါတယ်လို့ သမ္မတ ထရမ့်ပ်က ပြောသွားပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013