DVB Logo
Home
မြန်မာသတင်း
ဘုတလင်မြို့နယ်၌ ဓာတ်ဆီဆိုင်ကို စစ်တပ်က ဗုံးကြဲ
DVB
·
August 27, 2025
ဘုတလင်မြို့နယ်၌ ဓာတ်ဆီဆိုင်ကို စစ်တပ်က ဗုံးကြဲ
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အနောက်ခြမ်း သခွတ္တနယ်ရွာအနီး စက်သုံးဆီအရောင်းဆိုင်ကို ဩဂုတ် ၂၆ ရက် ညနေ ၅ နာရီခွဲက စတင်ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ဆိုင်ဝန်ထမ်း ၂ ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သခွတ္တနယ်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်တိုက်လေယာဉ် ၂ စင်း အပါအဝင် စက်တပ်လေထီးနဲ့ပါ ဗုံးကြဲတိုက်ခိုက်သွားတာလို့လည်း သိရပါတယ်။

သခွတ္တနယ် ရွာခံအမျိုးသမီးတယောက်က “ဗုံးကြဲတာက ရွာအရှေ့ဘက် ရေကန်အနီးမှာ စက်သုံးဆီရောင်းနေတဲ့ဆိုင်ကို ကြဲချသွားတာ။ ကနဦး သိထားရတာက ဆီဆိုင်က ဆီအရောင်းဝန်ထမ်း ၂ ဦး သေတယ်လို့တော့ သိထားရတယ်ရှင့်။ အတော်များများလည်း ဒဏ်ရာရတယ်။ ဆီဆိုင်က ဆီပေပါလည်း ဗုံးစထိမှန်ပြီး မီးလောင်တယ်။ ကျမတို့မိသားစုကတော့ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲပြီး ရွာကနေ ထွက်ပြေးလာခဲ့တယ်။ နောက်ထပ် နမခကတက်လာတဲ့ စက်တပ်လေထီး ၂ စီးကလည်း အဲဒီနေရာကို ဗုံးသီးထပ်ကြဲချတယ်လို့ သိထားရတယ်” လို့ ပြောပါတယ်။

သခွတ္တနယ်ရွာဟာ အိမ်ခြေ ၅၀၀ နီးပါးခန့်ရှိတဲ့ ကျေးရွာဖြစ်သလို မနက်ခင်းဈေး၊ တိုက်နယ်ဆေးရုံ၊ အစိုးရအထက်တန်းစာသင်ကျောင်းရှိတဲ့ ကျေးရွာဖြစ်ပြီး မုံရွာ-ဘုတလင်-ကနီ-ကနဲသွား ကားလမ်းမပေါ်မှာ တည်ရှိကာ လူစည်ကားတဲ့ကျေးရွာ ဖြစ်ပါတယ်။

ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူ ကိုကြွက်ကလေးက “သခွတ္တနယ်ရွာက ကားဂိတ် လူစည်ကားရာကို ဗုံးကြဲတိုက်ခိုက်သွားတာ။ ၂ ဦး သေဆုံးပြီး တဦး ပြင်းထန်ဒဏ်ရာ ရတယ်လို့ သိထားရတယ်ဗျ။ အဲနေရာမှာ ဘာတိုက်ပွဲမှ မရှိဘဲနဲ့ကို လုပ်ချသွားတာ။ အသေးစား ပြည်သူထိခိုက်တာတွေလည်း ရှိနိုင်သေးပါတယ်ဗျ။ နမခ ကနေလည်း စက်တပ်လေထီးယာဉ်တွေက မနားတန်း တက်နေပြီး ကျနော်တို့ ဘုတလင်မြို့နယ်ထဲကို ပျံဝဲနေတယ်။ အခြေအနေ ရှုပ်ထွေးနေလို့ သတင်းအတိအကျ မလုပ်ရသေးဘူး။ ကနဦး သေဆုံးသူကတော့ အတည်ပြုလို့ရပါတယ်။ နောက် အိမ်ပျက်စီးတာ၊ အသေးစား ပြည်သူထိခိုက်တာကတော့ စာရင်းမပြုစုရသေးဘူး” လို့ ပြောပါတယ်။

စစ်တပ်က လေကြောင်းကနေ ဂျက်တိုက်ယောဉ် ၂ စင်း၊ စက်တပ်လေထီး ၂ စီးနဲ့ ဗုံးကြဲချခဲ့တာကြောင့် သခွတ္တနယ်ရွာက ဒေသခံပြည်သူတွေ ကျေးရွာအတွင်း မနေရဲကြတော့ဘဲ နေရပ်စွန့်ခွာ ထွက်ပြေးနေကြတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013